သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်ရန် လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါဒေသများသို့ ပို့/ဆက် ဒု-ဝန်ကြီး ဦးလူမွန်နှင့်တာဝန်ရှိသူများသည် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
ဒု-ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရမည်းသင်းအော်တို အိတ်ချိန်းအဆောက်အဦနှင့် စက်ခန်းများအတွင်း ရေဝင်ရောက်ခဲ့ရာမှ ပြန်လည်ပြင်ဆင်တပ်ဆင်ထားမှုအခြေအနေများ၊ ပြည်ညောင်ကျေးရွာအနီးမိုင်တိုင် ၄၆ တွင် ရေတိုက်စားသဖြင့် အဝေးဆက်သွယ်ရေး ဖိုက်ဘာတိုင်များ လဲကျနေမှု၊ လမ်းခရီးတစ်လျှောက် ရေတိုက်စားသဖြင့် ဖိုက်ဘာဆက်ကြောင်းများ ပြတ်တောက်နေမှု၊ ရေကြီးနစ်မြုပ်မှုကြောင့် မိုဘိုင်းစခန်း၊ အော်တိုအိတ်ချိန်းနှင့် စာတိုက်ရုံးများ ပြန်လည်ပြင်ဆင်ထားမှုနှင့် အေးသာယာအော်တိုအိတ်ချိန်းတို့ကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ဆက်သွယ်ရေးဆက်ကြောင်း အမြန်ဆုံးရရှိနိုင်ရေးအတွက် ယာယီ ဖိုက်ဘာလမ်းကြောင်း သွယ်တန်းဆောင်ရွက်ရေး၊ စက်ခန်းများအတွင်း ရေဝင်ရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများနှင့် အရေးကြီးစာရွက်စာတမ်းများ စနစ်တကျသိမ်းဆည်းရန် အစီအမံများကို ဆွေးနွေးမှာကြားသည်ဟု သိရသည်။
ထို့အပြင် တောင်ကြီးမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Atom Myanmar Limited ၊ Ooredoo Myanmar Limited နှင့် Telecom Internat-ional Myanmar Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့မှုနှင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆက်လက်၍လည်း တောင်ကြီးမြို့ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်း၊ ဟဲဟိုး၊ အောင်ပန်း၊ ကလော တို့ရှိ စာတိုက်နှင့် အော်တိုအိတ်ချိန်းရုံးများ၊ ကလော-နေပြည်တော် လမ်းကြောင်းတစ်လျှောက် ဖိုက်ဘာလမ်းကြောင်း အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
