တောင်ကျရေနှင့်အတူ မိုးရွာသွန်းမှုများပြားသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေရှိ အင်းလေးကန်လည်း ရေမြင့်တက်နေပြီး ရွာတစ်ရာကျော်လည်း ယနေ့ စက်တင်ဘာ ၁၇ အထိ နစ်မြုပ်နေဆဲဖြစ်သည်။
“ရေမကျသေးဘူးဗျ၊ တောင့်နေတာ၊ အင်းလေးမှာရေတက်ရင် လကြာတတ်တော့ စိုးရိမ်တယ်၊ အစားအသောက်၊ ဆေးဝါးတွေလည်း ခက်ခဲနေတယ်” ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
အင်းလေးဒေသရှိ အင်းလေးကန်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ရေတက်လာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နောက်ပိုင်း၌ ယခုကဲ့သိူ့ သိသိသာသာ ရေများသွားခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံကပင် ပြောသည်။
လက်ရှိတွင် အင်းလေးဒေသသိူ့ လာရောက်လှူဒါန်းသူများမှာ အနီးဝန်းကျင်မြို့များမှသာတနိုင်တပိုင် လာရောက်လှူဒါန်းနိုင်ကြပြီး အောက်ပြည်ဘက်မှဘရောက်လှူဒါန်းသည့်အဖွဲ့များမှာ နည်းပါးကြောင်းလည်း သိရသည်။
“သူ့မကူနိုင် ကိုယ့်မကယ်နိုင် ဖြစ်နေကြပြီ၊ အကုန်လုံး ပန်းနေကြပြီ။ အင်းသားတွေဆိုတော့ ပြန်ထူထောင်ရေးက လုပ်ရမယ်၊ ဆေးဝါး အစားအသောက် လောလောဆယ် ခက်နေတယ်” ဟုလည်း ညောင်ရွှေဒေသခံတစ်ဦးက ဆိုသည်။
အင်းလေးဒေသသည် အခြားသော ရေကြီးရေလျှံနေသည့် ပထဝီအနေထားမတူညီသည့် ရေထွက်ပေါက် နည်းပါးနေသောကြောင့်
ရေတက်ရက်သည် လနှင့်ချီ ကြာမြင့်နေပါက ဒေသခံများအတွက် နေထိုင်စားသောက်ရေး စိုးရိမ်ချက်တွေရှိနေကြကြောင်းလည်း မေးမြန်း သိရှိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
