ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ရပ်ကွက် (၄)ခုတွင် ရေကြီး ရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။
လွိုင်ကော်မြို့နယ်တွင် ဘီလူးချောင်းရေ မြင့်တက်မှုကြောင့် ယနေ့ စက်တင်ဘာ(၁၇)ရက်မှ စတင်၍ ဒေါနိုးကူးရပ်ကွက်၊ နမ့်ကွတ်ရပ်ကွက်၊ ရှမ်းစုရပ်ကွက်နှင့် မင်းစုရပ်ကွက်တို့တွင် ရေဝင်ရောက်မှုဖြစ်ပွားနေကြောင်း သိရသည်။
ထိုသို့ ရေဝင်ရောက်မှု ဖြစ်ပေါ်နေသည့် ရပ်ကွက်များသို့ က ယားပြည်နယ်မီးသတ် ဦးစီးမှူးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါ င်း၍ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ စက်လှေ(၅)စီးတို့ဖြင့် ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စက်တင်ဘာလ (၁၆)ရက် ညနေ (၄) နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်း မြို့နယ် (၅၆) မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အသက်ဆုံးရှုံးသူ (၂၂ ၆) ဦး၊ ပျောက်ဆုံးသူ (၇၇) ရှိပြီး တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း (၁၂၈၃၄၄) ကောင်ေ-သဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက (၆၄၃၀၈၁) ဧက ရေဝင်နစ်မြှုပ်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ကရင်ပြည်နယ်၊ ပဲ ခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၈၄) မြို့နယ်တွင် ရုံး/ဌာန အဆောက်အဦ (၁၁၇) လုံး၊ စာသင်ကျောင်း (၁၀၄၀) ကျောင်း၊ ဘာသာရေး အ ဆောက်အဦ (၃၈၆) လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြှုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
