ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်မတီ (RCSS)မှ “ရေဘေးသင့်ပြည်သူများ ကူညီရေးကော်မတီ(RCSS)”ကိုဖွဲ့စည်းခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ ယနေ့ စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်ရက်များအတွင်းက မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်များ၊ ကျေးရွာများနှင့်လယ်ကွင်းများအတွင်း ရေများဝင်ရောက်ခဲ့၍ အခက်အခဲများကြုံတွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ထို့ကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးတို့အ တွက် RCSS ၏ စီးပွားရေးဌာနမှူး ဗိုလ်မှူးစိုင်းရွေး ဦးဆောင်ကာ“ရေဘေးသင့်ပြည်သူများကူ ညီရေးကော်မတီ(RCSS)”ကိုဖွဲ့စည်းပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကော်မတီမှ ကူညီရေးရန်ပုံငွေမတည်ပေးခြင်း၊ ပြည်တွင်း/ပြည်ပမှအလှူရှင်များ၊ အ လှူရှင်အဖွဲ့များ(NGO-INGO)များအားဆက်သွယ် ၍ ရန်ပုံငွေများ၊ ဆန်နှင့်စားသောက်ကုန်များ၊ အသုံးအဆောင်ပစ္စည်းများရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ ရေဘေးသင့်သူများကူညီထောက်ပံ့ခြင်းကိုလည်း တာဝန်ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
