ရန်ကုန်တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက်အတွင်း ထူးကဲဒီရေတက်မည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးချက် ထုတ်ပြန်ထားသည်။
အဆိုပါရက်များအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် ပေ ၂၀ ဒသမ ၁၁ ပေခန့်မှ ၂၁ ဒသမ ၇၂ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိကြောင်း၊ ယခင် ၂၀၁၄- ၂၀၁၅ ခုနှစ်များအတွင်း ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၂ ပေခန့်အထိ မြင့်တက်ခဲ့ဖူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်း၊ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၁၀ ကျော်လွန်နိုင်သည့်အခါ မြစ်ကမ်းနား ဒေသများအနီး နေထိုင်သူများ ကြိုတင်ပြင်ဆင်နိုင်ရန် သတိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားသည်။
မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း မိုးများခြင်းမရှိပါက ဒီရေတက်သော်လည်း စိုးရိမ်စရာမရှိကြောင်း အသိပေးထားသည်။
“ရန်ကုန်ကို ဘယ်မြစ် ဘယ်ချောင်းတွေက ရေလာမလဲ အရင် စဉ်းစားပါ။ အနောက်ဘက်မှာ လှိုင်မြစ်ရှိတယ် ရေတက်နေတယ်။ အလယ်ခေါင်မှာ ငမိုးရိပ်ချောင်းရှိတယ်။ အများကြီးမတက်သေးဘူး။ ပဲခူးမြစ်ရေနဲ့ စစ်တောင်းတူးမြောင်းက လာမဲ့ရေ ပဲခူးမြစ်ထဲရောက်မယ်။သံလျှင်ဘက်အခြမ်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်လို နေရာတွေတော့ မြေနိမ့်ရင် ရေတက်နိုင်မယ်။ မိုးမများရင် ၁၇ ရက်နဲ့ ၂၁ ရက်အတွင်း ဒီရေတက်လဲ မှုစရာမရှိပါ။ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယနိုင်ငံကုန်းတွင်းထဲ ဝင်ပြီး မြန်မာပြည်နဲ့ ဝေးသွားတော့မဲ့ အချိန်ဖြစ်လို့ လက်ရှိဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်ဆိုလဲ ရွာနိုင်မဲ့ မိုးကစက်တင်ဘာ ၂၃ ရက်အထိမများနိုင်တော့ပါ" ဟု ဦးဝင်းနိုင်က လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
