မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဟာမြိုင် ပရိယတ္တိစာသင်တိုက်မှ ပြည်တွင်းပြည်ပ “ပ”သုံးလုံးသာသနာပြုအကျော် ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဦးဆောင်၍ ပြည်တွင်းပြည်ပအလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ်သိန်း ၆၀ဝ လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းငွေ ကျပ်သိန်း ၆၀ဝ မှာ စက်တင်ဘာ ၁၅ ရက်အထိ လှူဒါန်းမှုဖြစ်ကြောင်း ဆရာတော်၏ လှုပ်ရှားမှုသတင်းများကို ပုံမှန်ဖော်ပြနေသည့် Hitadara Channel တွင် ဖော်ပြထားချက်အရသိရသည်။
“ပြည်တွင်းပြည်ပအလှူရှင်များ၏ ကောင်းမှုတော် စက်တင်ဘာ ၁၅ ရက် တနင်္ဂနွေနေ့၌ သိန်း(၆၀ဝ)လှူဒါန်းပြီးဖြစ်ပါသည်။ ကျေးဇူးတင်ပါကြောင်း၊ လိုအပ်တဲ့နေရာမှာ လိုအပ်သလိုလှူပေးလို့ ဝမ်းသာပါတယ်။ ရေဘေးကြီးကြောင့် မိသားစုတွေ စီးပွါးရေးတွေ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဆုံးရှုံးနေကြ၊ အားငယ်နေကြ ပူဆွေးသောကရောက်နေကြသော မြန်မာနိုင်ငံရေဘေးမိသားစုများအားလုံး၏ ကိုယ်စား ကျေးဇူးလည်းတင်ပါတယ်။ ကျေးဇူးလည်းမမေ့ပါဘူး။ အခုလိုအဖြစ်ဆိုးကြီးကို ဘယ်တော့မှ မရောက်ပါစေပဲ အစဉ်ထာဝရ အေးချမ်းပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်” ဟု Hitadara Channel တွင် ရေးသားထားသည်။
ထိုသို့ လှူဒါန်းငွေများကို ဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသကိုယ်တိုင် နေပြည်တော်နှင့် ရမည်းသင်းဒေသများ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းလှူဒါန်းမှုများတွင် ရေနစ်မြုပ်မှုဒဏ်ခံစားခဲ့သည့် ပျဉ်းမနားမြို့နယ် ဆင်သေရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၁၀ဝ လှူဒါန်းခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
