မိိမိတို့သည် ရုရှားအစိုးရပိုင်သတင်းဌာန များကို ကမ္ဘာတစ်ဝန်းရှိ မိမိတို့၏ Meta မှ ပိတ်ပင်လိုက်သည်ဟု စက်တင်ဘာ ၁၆ ရက် တွင် META က ထုတ်ပြန်ခဲ့သည်။ ပြည်ပ ဝင်ရောက် စွက်ဖက်မှုများကြောင့် ယင်းသို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု META က ဖော်ပြ ခဲ့သည်။
Tiktok ၊ အင်စတာဂရမ်၊ X ၊ Youtube တို့အပါအဝင် ဆိုရှယ်မီဒီယာချယ်နယ်များတွင် သြဇာလွှမ်းမိုးရေး စစ်ဆင်မှုကို လုပ်ဆောင်ရန်အတွက် ခိုးကြောင် ခိုးဝှက် ငွေကြေးထောက်ပ့ံရန် ဟန်ပြကုမ္ပဏီများမှ တစ်ဆင့် ရုရှားအစိုးရမီဒီယာ RT နှင့် ၎င်း၏ ဝန်ထမ်းများကို အမေရိကန်ဒေါ်လာ ၁၀ သန်းထောက်ပံ့ခဲ့သည်ဟု အမေရိကန်အစိုးရ စွပ်စွဲခဲ့ပြီးနောက် META ၏ပိတ်ပင်မှုဖြစ် ပေါ်လာခြင်းဖြစ်ကြောင်း ချိပ်ပိတ်ထားခြင်း မရှိသော စွဲချက်အရ သိရသည်။
“ဂရုတစိုက် စဉ်းစားသုံးသပ်ခဲ့ပြီးတဲ့နောက် ရုရှားအစိုးရပိုင် သတင်းဌာနတွေကို ပိတ်ပင်တာကို လုပ် ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု အေအက်ဖ်ပီ သတင်းဌာန၏ဆက်သွယ်မေးမြန်းမှုကို META က ဖြေကြားခဲ့သည်။
“ ပြည်ပ ကြားဝင် စွက်မှုရေး လှုပ်ရှားမှုကြောင့် Rossiya segodnya ၊ အခြား ဆက်စပ်နေတဲ့ သတင်းဌာနတွေကို ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ apps တွေကနေ အခု ပိတ်ပင်လိုက် ပြီဖြစ်ပါတယ်” ဟု META ကဖြေကြားခဲ့သည်။ facebook ၊ အင်စတာဂရမ်၊ whats aps နှင့် threads တို့တွင် ပိတ်ပင်လိုက်ခြင်းဖြစ် သည်ဟု ဆိုသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
