ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်အပါအဝင် သဘာဝဘေးကြာင့် အသက်ဆုံးရှုံးသူ (၁၄)ဦးအထိ ရှိသည်ဟု ဒေသတွင်း သတ င်းအရင်းမြစ်များထံက သိရသည်။
အဆိုပါ အသက်ဆုံးရှုံးသူများ၏ စာရင်းမှာ စက်တင်ဘာ (၁၆)ရက်အထိ ရရှိထားသည့် စာရင်းများအရဖြစ်ပြီး အသက်ဆုံး ရှုံးသူများမှာ မယ်ဆိုင်ချောင်းအတွင်း ရေစီးနှင့်အတူ မျောပါလာသည့် ရုပ်အလေ-ာင်း (၆)လေ-ာင်း နှင့် တာချီလိတ်မြေပြိုကျမှုဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးသူ (၇)ဦးနှင့် ယနေ့ ထပ်မံတွေ့ရှိသူ (၁) ဦး စုစုပေါင်း (၁၄)ဦးဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့အတွင်း စက်တင်ဘာလကုန်အထိ မိုးရွာသွန်းကာ ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်နိုင်သဖြင့် တာချီလိတ်မြို့နယ်၊ မယ်ဆိုင်ချောင်းအနီး နေထိုင်သူများအမြန်ဆုံးရွှေ့ပြောင်းကြရန်နှင့် ရေလျှံသည့် ရပ်ကွက်အနေဖြင့် လည်း နေအိမ်တွင် ကိုယ်ဝန်ဆောင်သည်များ၊ နာမကျန်း ဖြ စ်သူများ၊ သက်ကြီးရွယ်အိုများရှိပါက လုံခြုံစိတ်ချရသည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် ရပ်ကွက်အလိုက် နှိုးဆော်ထားကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ (၁၇)ရက် မွန်းလွဲပိုင်းအချိန်တွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ မြို့ရှောင်လမ်းအနီး မယ်ဆို င်ချောင်းအတွင်း အမျိုးသားတစ်ဦးကို အသက်ဆုံးရှုံး လျှက်ထပ်မံတွေ့ရှိခဲ့ကြောင်း ဒေသတွင်းသတင်းများတွင် ဖော် ပြထားသည်ကို တွေ့ရသည်။
နစက သတင်းထုတ်ပြန်ရေး အဖွဲ့၏ ယမန့်နေ့ စက်တင်ဘာ (၁၆) ရက် ညနေပိုင်းအချိန်အထိ သတင်းထုတ်ပြန်ချက်အရ ယာဂီ မုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်န ယ် အချို့တွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ အသက်ဆုံးရှုံးမှုများလည်း ရှိနေပြီး၊ အသက်ဆုံးရှုံးသူ (၂၂၆)ဦးရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
