ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက လက်ရှိအသင်း၏လူစာရင်းသည် ပြီးခဲ့သည့်ရာသီထက် ပိုမိုတောင့်တင်းလာသည်ဟု သုံးသပ် ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံအသင်း ဖြစ်ပြီး ယခုရာသီတွင်လည်း ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။
ထို့ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ပတ်သက်၍ မေးမြန်းမှုပြုလုပ်ခဲ့ရာ အန်ဆယ်လော့တီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ ရီးယဲလ်အသင်းအတွက် ထူးခြားတဲ့အရာပါ။ ကျွန်တော်တို့ နောက်ဆုံးအဆင့်အထိ ရောက်ရှိအောင် ကြိုးစားသွားမှာပါ။ အသင်းရဲ့လူစာရင်းမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ခင်ဗျားတို့ သိပါတယ်။ အရေးပါတဲ့ ကစားသမားတွေဖြစ်တဲ့ နာချိုနဲ့ ကရို့စ်တို့ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ ဟိုဆေးလူရောပေါ့။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ဒါမှမဟုတ် အကောင်းဆုံးတွေထဲက တစ်ယောက်ကို ကျွန်တော်တို့ အစားထိုးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့ လူစာရင်းက ပြီးခဲ့တဲ့ရာသီထက် ပိုကောင်းလာသလားလို့မေးရင် ကျွန်တော်ကတော့ အဲဒီလိုထင်ပါတယ်''ဟု အန်ဆယ်လော့တီက ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ လိဂ်အဆင့်တွင် စတုဂတ်၊ လိုင်လီ၊ ဒေါ့မွန်၊ အေစီမီလန်၊ လီဗာပူးလ်၊ အတ္တလန်တာ၊ ဆာလ်ဇ်ဘာ့ဂ်၊ ဘရက်စ်တို့နှင့် ဆုံ တွေ့နေပြီး ယခုတစ်ပတ်တွင် စတုဂတ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
