ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟားမာ့စ်သည် အစ္စရေးနှင့့်အချိန်ကြာညောင်းသောစစ်ပွဲအတွက် ပြင်ဆင်ထားသည်ဟု စက်တင်ဘာ ၁၆ ရက်တွင်ဟားမာ့စ်ခေါင်းဆောင် ယာရာဆင်ဝါက ပေးစာတစ်စောင်တွင် ဖော်ပြခဲ့သည်။
ဂါဇာစစ်ပွဲတစ်နှစ်ပြည့်ခါနီးတွင် ယီမင်၏အီရန်ကျောထောက်နောက်ခံပြု ဟူရ်သီသူပုန်များထံ သတင်းစကားပါးရာတွင် ဟားမာ့စ်ခေါင်းဆောင်က အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ဟာ ရန်သူရဲ့နိုင်ငံရေးဆန္ဒကို ချိုးဖောက်ပစ်မယ့်အချိန်ကြာညောင်းတဲ့ အမှည့်ချွေစစ်ပွဲကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ဟားမာ့စ်ခေါင်းဆောင်က ပြောကြားခဲ့ပြီး ဂါဇာစစ်သွေးကြွများ၊ အီရန် နှင့်မဟာမိတ်ဖွဲ့ထားသောအီရတ်၊ လက်ဘနွန်၊ ယီမင်တို့ကအုပ်စုများသည် အစ္စရေးကို အနိုင်ယူလိမ့်မည်ဟု အခိုင်အမာပြောကြားခဲ့သည်။
စက်တင်ဘာ ၁၅ ရက်တွင် ဟူရ်သီက အစ္စရေးနိုင်ငံအလယ်ပိုင်းကို ရှားရှားပါးပါးတိုက်ခိုက်မှုအဖြစ် ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ဟားမာ့စ်ခေါင်းဆောင်၏ယခုသတင်းစကား ထွက်ပေါ်လာခြင်းဖြစ်သည်။ ဟူရ်သီသူပုန်အဖွဲ့သည် ယီမင်မြို့တော်ဆာနားနှင့် ယီမင်နိုင်ငံ၏ပင်လယ်နီကမ်းခြေဒေသအများစုကို ထိန်းချုပ်ထားသည်။
ဟူရ်သီ၏တိုက်ခိုက်မှုက ထိခိုက်သေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့ခြင်းမရှိဟုဆိုသော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကမူ ယင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မည်ဟု ပြောကြားထားသည်။
ဆင်ဝါက ဟူရ်သီခေါင်းဆောင် အဗ္ဗဒူမမာလစ်အယ်လ်ဟူရ်သီထံ လိပ်စာတပ်ထားသော သတင်းစကားတွင် “အလွှာအားလုံး၊ ကာကွယ်ရေး၊ ကြားဖြတ်ပစ်ချတဲ့ စနစ်အားလုံးကို ကျော်ဖြတ်ပြီး ရန်သူ့နယ်မြေထဲအထိ ဒုံးကျည်တွေကို ပစ်လွှတ်ရာမှာ အောင်မြင်မှုရရှိတဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်”ဟု ဖော်ပြထားသည်။
၎င်းတို့သည် အစ္စရေး၏လေကြောင်း ကာကွယ်ရေးကို ထိုးဖောက်ခဲ့သည်ဟု ဟူရ်သီက ပြောကြားခဲ့သည်။ ဒုံးကျည်သည် လေထဲတွင် အပိုင်းပိုင်းဖြစ်သွားပုံရသည်ဟု အစ္စရေးက ပြောကြားခဲ့သည်ဆိုသော်လည်း ဒုံး ကျည်ကို ဖျက်ဆီးနိုင်ခြင်းမရှိဟု ဆိုသည်။
“ခင်ဗျားတို့နဲ့ပူးပေါင်းလုပ်ဆောင်တာတွေ၊ လက်ဘနွန်နဲ့အီရတ်တို့က အုပ်စုတွေ နဲ့ပူးပေါင်းလုပ်ဆောင်တာတွေဟာ ဒီရန်သူကို ချိုးဖျက်မှာဖြစ်ပြီး ရန်သူအတွက်အရှုံးကို ထင်ဟပ်စေပါလိမ့်မယ်”ဟု ဆင်ဝါက ဖြည့်စွက်ဖော်ပြခဲ့သည်။
နိုဝင်ဘာကတည်းက ဟူရ်သီသည် အစ္စရေးကို ပစ်မှတ်ထားခဲ့သည်။ ဂါဇာရှိပါ လက်စတိုင်းသားများနှင့် တစည်းတလုံးတည်းရှိသည်ကို ထုတ်ဖော် ပြသသည့်အနေဖြင့် ဟူရ်သီသူပုန်များသည် ယီမင်အလွန် ပင်လယ် နီရှိ နိုင်ငံတကာရေလမ်းကြောင်းတွင် ခုတ်မောင်းသွားလာသောသင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများက ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးကို ကမောက်ကမ ဖြစ်စေခဲ့သည်။
ဟူရ်သီသည် အီရန်ပြောဆိုထားသော တော်လှန်ရေးအင်အားစုများတွင် ပါဝင်သည့်အဖွဲ့အဖြစ် အစ္စရေးကို တိုက်ခိုက်လျက်ရှိသည်။ အဆိုပါ တော်လှန်ရေးအင်အားစုအဖွဲ့တွင် ဟားမာ့စ်၊ ဟစ်ဇဘိုလာနှင့်အီရတ်က အုပ်စုများပါဝင်သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
