ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နာမည်ကျော် နောင်မွန်ဆန်ထွက်ရှိရာ ပုံးအင်းဒေသရှိ ရေဘေးသင့်ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ ပုံအင်းဒေသ၌ ယခုနှစ်အတွင်း (၃)ကြီမ် ရေကြီးရေလျှံဖြစ်ပွားခဲ့ကြောင်းနှင့် ဒေသတွင်း လူနေအိမ်များ ရေနစ်မြုပ်ကာ နေထိုင်၍ မရတော့သည်အထိ အခြေအနေဆိုးဝါးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရေအနည်းငယ်ပြန်လည်ကျဆင်းပြီဖြစ်သော်လည်း ဒေသတွင်းထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်နှင့် နာမည်ကျော်ဆန်ထွက်ရှိရာ အဆိုပါဒေသတွင် စားသောက်ရေးအတွက်ပင် ဆန်မရှိသည့် အခြေအနေကြုံတွေ့နေသည့်အတွက် တောင်ကြီးမြို့လူမှုကူညီရေးအဖွဲ့များက ရေဘေးအလှူခံမှုများ လုပ်ဆောင်ကာ သွားရောက် ထောက်ပံ့ကူညီလျှက်ရှိကြောင်း သိရသည်။
“အဲ့ဒီဒေသက နဂိုထဲက မိုးစပါးစိုက်တဲ့ဒေသပေါ့။ မိုးတွင်းဆို ရေအမြဲရှိတယ်။ နွေဆိုရင်တော့ခြောက်သွားတာပေါ့။ အခုနှစ်က မိုးများတော့ ရေကြီးရေလျှံပြီး လူနေအိမ်တွေပါမြှပ်ကုန်တာ။ သူက ချိုင့် ဝှမ်းထဲက မြေပြန့်လွင်ပြင်ကြီးလိုဖြစ်နေတာ။ နာမည်ကျော်နောင်မွန်ဆန်ထွက်ရှိတဲ့ဒေသပေါ့။ အခုတော့ ထောက်ပံ့ကူညီရေးတွေ ထွက်နေကြပါပြီ။ လိုအပ်ချက်တွေက အများကြီးပေါ့”ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ပုံးအင်းဒေသသို့ တောင်ကြီးမြို့ဘက်မှသွားပါက (၂)နာရီကျော်သွားရကာ၊ ဆီဆိုင်ဘက်မှသွားပါက (၁)နာရီခွဲကျော် သွားလာရကြောင်းနှင့် ယင်းဒေသသည် ဆီဆိုင်မြို့နယ်အတွင်း တည်ရှိပြီး ရှမ်းတိုင်းရင်းသားအများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- CJ







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
