ရေဘေးကြုံတွေ့နေရသည့် ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် ကူညီမှုများပြုလုပ်ပေးလျက်ရှိသည့် ရန်ကုန်မြို့အခြေစိုက် “ရွှေရောင်သမိုင်း”အ သင်း၏ စက်လှေတစ်စီး ယနေ့ စက်တင်ဘာ ၁၇ ရက်ည ၆ နာရီကျော်ခန့်က တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်းအသင်းထံမှ သိရသည်။
“ရွှေရောင်သမိုင်း”အသင်းမှ အဖွဲ့ဝင်များသည် အသင်းပိုင်စက်လှေတစ်စီးနှင့်အတူ တောင်ငူမြို့နယ်၊ မြစ်ကြီးပေါက်ကျေးရွာအနီး၌ ရေဘေးကူညီရေးပစ္စည်းများအား သွားရောက်ပို့ဆောင်လှူဒါန်းပြီးနောက် ပြန်လည်ထွက်ခွာလာစဥ် စက်လှေအင်ဂျင်ရေထဲပြုတ်ကျပြီး စက်လှေမှာဟန်ချက်ပျက်၍တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
” လှေကိုပြန်တည့်ပြီးတော့ နီးစပ်ရာကမ်းကိုကပ်ခဲ့တယ်။ နယ်မြေခံအဖွဲ့အစည်းတွေလာခေါ်နိုင်ဖို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။ လှေပေါ်ပါ လာတဲ့ အသင်းဝင်အားလုံးဘေးကင်းတယ်။ အဆက်အသွယ်မပြတ်ရှိနေပါတယ်”ဟု ရွှေရောင်သမိုင်းအသင်း ဥက္ကဋ္ဌကပြောကြားခဲ့သည်။
စက်လှေတိမ်းမှောက်မှုတွင် လိုက်ပါလာသည့် “ရွှေရောင်သမိုင်း”အသင်းဝင်များနှင့်ဒေသခံများမှာ ထိခိုက်မှုမရှိခဲ့ဘဲ ၎င်းတို့အား ပြန်လည်ခေါ်ဆောင်နိုင်ရန် မိတ်ဖက်လူမှုကူညီရေးအသင်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပုံစာ – ရေဘေးကူညီမှုများပြုလုပ်လျက်ရှိသည့် ရွှေရောင်သမိုင်း အသင်း၏ စက်လှေပုံဟောင်းကို အသုံးပြုထားပါသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
