သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ခန့်မှန်းချက်၊ သတိပေးချက်များကို ထုတ်လွှင့်ရာတွင် ပညာရပ်ဆိုင်ရာအသုံးအနှုံးများထက် သာမန်ပြည်သူများ သတိပြု နားလည်နိုင်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု စက်တင်ဘာ(၁၇)ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယင်းနှင့် စပ်လျဉ်း၍ ၎င်းက တစ်ဆက်တည်းပြောကြားရာတွင် ထုတ်ပြန်မှုများ ဆောင်ရွက်ရာ၌ ပြည်သူများအနေဖြင့် လွယ်ကူရှင်းလင်းစွာဖြင့် နားလည်သိရှိလိုက်နာနိုင်အောင် ထုတ်ပြန်ရမည်ဖြစ်ပြီး၊ ထိုသို့ ထုတ်ပြန်မှသာလျှင် ပြည်သူများအနေဖြင့် ရှင်းလင်းစွာသိရှိ၍ အလေးထားလိုက်နာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယခု သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် ဒေသများ၌ လွန်ခဲ့သောနှစ်ပေါင်း (၅၀)အတွင်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေ မဖြစ်ပေါ်ခဲ့ဘူးကြောင်း၊ ညအချိန်မိုးရွာသွန်းမှုများပြားပြီး ရုတ်တရက်တောင်ကျရေများ အလုံးအရင်းစီးဆင်းလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ထိခိုက်မှုများပြားခဲ့ရခြင်းဖြစ်ကာ ယခု သဘာဝဘေးအန္တရာယ်သည် မိမိတို့ နိုင်ငံအတွက်ကြီးမားသည့် သင်ခန်းစာတစ်ခုဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသည်။
လက်ရှိအချိန်၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊လေ)နှင့် တိုင်း စစ်ဌာနချုပ်များ အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်မှာကြားခဲ့သည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
