ရေဘေးကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံအတွက် AHA Centre မှပေးပို့သော ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ယနေ့ စက်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA) ထံမှ သိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးပစ္စည်းများအား MNA ၏ Boeing 737-800 Freighter လေယာဉ် (9M-WCA) ခရီးစဉ်အမှတ် UB-2020 လေယာဉ်က ထိုင်းနိုင်ငံ၊သုဝဏ္ဏဘူမိလေဆိပ်မှတစ်ဆင့် တင်ဆောင်လာခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးပစ္စည်းများ၏ စုစုပေါင်းအလေးချိန်မှာ 5560 kg ရှိကြောင်း သိရသည်။
MNA မှအကူအညီလိုအပ်နေသည့် ရေဘေးသင့်ဒေသများထံ လိုအပ်သည့်ကယ်ဆယ်ရေးပစ္စည်းများမြန်ဆန်ချောမွေ့စွာရောက်ရှိနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေဘေးသင့်သူများထံ ကယ်ဆယ်ရေးပစ္စည်းများနှင့်ဆေးဝါးများ အဆင်ပြေချောမွေ့စွာရောက်ရှိစေရန်အတွက်လည်း ပြည်တွင်း/ပြည်ပခရီးစဉ်များဖြင့် အခမဲ့သယ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
