ရေဘေးဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများအတွက်အခက်အခဲများ ရှိနေသော်လည်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များသည် ထိခိုက်မှုများကို စတင်သတင်းပေးပို့လျက်ရှိပြီး အခြေအနေပေးသည်နှင့်အမျှ တုံ့ပြန်ရေးလုပ်ငန်းများ စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားသည်။
တိုင်ဖွန်းမုန်တိုင်း ယာဂီ ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများကြောင့် နေပြည်တော်နှင့် ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုးခုရှိ (၅၉) မြို့နယ်ကို ထိခိုက်ခဲ့ကြောင်း သိရသည်။
သတင်းအချက်အလက်များ အတည်ပြုနိုင်ရန် အခက်အခဲများရှိနေသော်လည်း နိုင်ငံတစ်ဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးခန့် ရှိကာ ရာနှင့်ချီ၍ ေ-သဆုံးမှုများရှိခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရင်းမြစ်များအရသိရသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ယခုအချိန်အထိ နေရာအများစုတွင် ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခြင်းနှင့် အရေးပေါ်အကူအညီပေးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
