မော်စကို၊စက်တင်ဘာ ၁၆
ရုရှားနိုင်ငံအနောက်ဘက် ကာ့စ်ဒေသသို့ ယူကရိန်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုအပေါ် တန်ပြန်ထိုးစစ်ဆင်ပြီး ရွာနှစ်ရွာကို ပြန်ယူထားနိုင်ကြောင်း ရုရှားကပြောကြားခဲ့သည်။
ယူကရိန်းတပ်များသည် ရုရှားပိုင်နက်ကာ့စ်ဒေသထဲသို့ ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လ ၆ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ယင်းထိုးစစ်သည် မော်စကိုကိုလည်းအံ့အားသင့်စေခဲ့သည့် ထိုးစစ်တစ်ခုဖြစ်လာခဲ့သည်။
ရုရှားမှအကြီးတန်းတပ်မှူးတစ်ဦးနှင့် ခရမ်မလင်စစ်ကိုထောက်ခံလိုလားသူ ဘလော့ဂါအချို့ကမူ မော်စကိုသည် ကျေးရွာပေါင်း ၁၀ ရွာခန့် ကိုပြန်သိမ်းထားနိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယူကရိန်းကမူ ၎င်း၏တပ်ဖွဲ့များအနေဖြင့် ဧရိယာစတုရန်းကီလိုမီတာပေါင်း ၁,၃၀၀ ကျော်ရှိသည့် ကာ့စ်ဒေသရှိ ရွာပေါင်း ၁၀၀ ခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ရုရှားသတင်းရင်းမြစ်များက အဆိုပါအချက်ကို ငြင်းဆိုခဲ့ကြသည်။
ယူကရိန်းက ကာ့စ်ဒေသသို့ထိုးစစ်ဆင်နေသလို ရုရှားကလည်း ယူကရိန်းအရှေ့ပိုင်းရှိဒေသများအား ထိုးစစ်ဆင်နေလျက်ရှိပြီး အဆိုပါဒေသကို ရုရှားသိမ်းနိုင်သွားပါက ယူကရိန်းတပ်ဖွဲ့များအတွက် လက်နက်နှင့်ရိက္ခာအဓိကထောက်ပံ့ပေးနေသည့် ရထားလမ်းနှင့်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို အဟန့်အတားဖြစ်သွားစေမည်ဖြစ်သည်။
သမ္မတဇလန်းစကီးက ၎င်းတို့၏ ကာ့စ်ဒေသသို့ထိုးစစ်ဆင်မှုသည် ရုရှားတပ်များအတွက် ယူကရိန်းအရှေ့ပိုင်းသို့ထိုးစစ်ဆင်မှုကိုနှောင့်နှေးစေသည်ဟုဆိုသော်လည်း ပူတင်ကမူ ကာ့စ်ဒေသသို့ဦးတည်ထိုးစစ်ဆင်နေသဖြင့် အရှေ့ပိုင်းဒေသများတွင် ယူကရိန်းကိုခံစစ်အားနည်းစေသည်ဟုသာပြောကြားခဲ့သည်။
Source : ရိုက်တာ/အီးစီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
