မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့တွင် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ရေလုပ်သားခြောက်ဦးအထိရှိလာပြီး အခြားရေလုပ်သား ၁၅ ဦး ကျော်မှာ ဆေးရုံတွင်ဆေးကုသမှုခံယူနေရ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့်နီး စပ်သူများ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမပတ် အတွင်းက ကျိုက္ခမီ ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်များပေါ်၌ ဝမ်းပျက်ဝမ်းလျှော ရောဂါများ စတင်ဖြစ်ပွားခဲ့ ရာမှ စက်တင်ဘာ ၁၀ ရက်တွင် ငါးဖမ်းလှေ လေးစင်းမှ ရေလုပ်သားတစ်ဦးစီ သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ရေလုပ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက ဆက်လက်ပြီး “ကျိုက္ခမီဆေးရုံ မှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ ရေလုပ်သား ၁၅ ဦးကျော်ရှိနေပါတယ်။ အဲဒီအပြင်ကို ရေလုပ် သား ၈၀ ကျော်ကိုလည်း စောင့်ကြည့်မှုတွေ လုပ်ဆောင်ထားပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံတွင်လည်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့်လူနာတချို့ ဆေးကုသမှုခံယူနေ ကြရကြောင်းလည်း ၎င်းက ဆိုသည်။
ကျိုက္ခမီမြို့ပေါ်မှာရှိ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များအားလုံးကိုလည်း စက်တင်ဘာ ၁၃ ရက်မှ စတင်ကာ ၁၀ ရက်တိတိ ပိတ်ထားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန် ကြားထားကြောင်းလည်း သိရသည်။
လက်ရှိတွင် ကျိုက္ခမီမြို့နှင့် ကျိုက္ခမီမြို့ အနီးဝန်းကျင်ရှိကျေးရွာများအတွင်း ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် ပတ်သက်ပြီး အသိပညာ ပေးခြင်းလုပ်ငန်းများအား မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း တို့ ပူးပေါင်းကာ လုပ်ဆောင်နေကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့သည့် ငါး ဖမ်းစက်လှေများအပြင် ပင်လယ်ပြင်မှ ပြန်လည် ဝင်ရောက်လာသည့် ငါးဖမ်းစက်လှေများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် ရပ်ကွက်များအား ဆေးဖျန်းခြင်း၊ ရေတွင်းရေ ကန်များအား ကလိုရင်းဆေးများခပ်ခြင်း စသည့် လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေ များ၊ ကျားဖောင်များသို့ ပို့ဆောင်ပေးနေသည့် ကဲ့လှေများဖြင့် တင်ဆောင်သွားသော သောက် ရေနှင့် ရေခဲများ မသန့်ရှင်းရာမှ ဝမ်းပျက်ဝမ်း လျှောရောဂါကူးစက်ဖြစ်ပွားမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ကျန်းမာရေးဌာနမှတာဝန်ရှိသူ များက သုံးသပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
