
လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၂ သန်း ကျော်တင်သွင်းမှုမှ တန်ဖိုးဒေါ်လာ ၂ ဒသမ ၅ ဘီလျံကျော်ရှိသော်လည်း ယခင်နှစ်ကာလတူထက် တင်သွင်းမှုတန်ချိန် ၅၆၀,၀၀၀ ခန့် လျော့ကျပြီး ဒေါ်လာသန်း ၃၈၀ ကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာမှ တာဝန်ရှိသူတစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၂၅၅ သန်းကျော် တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၅၁၉ ဘီလျံအထိရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၄ ဒသမ ၈၁၄ သန်းကျော် တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၂ ဒသမ ၉ ဘီလျံရှိသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ပြည်ပမှ စက်သုံးဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၅၅၉,၃၁၀ လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၃၈၀ ဒသမ ၆၀၉ သန်း လျော့ကျခဲ့ခြင်းဖြစ် သည်။
လက်ရှိဘဏ္ဍာနှစ် ကိုးလကျော်တွင် ဒီဇယ်တန်ချိန် ၂ ဒသမ ၆၅၄ သန်းကျော် တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ် လာ ၁ ဒသမ ၅၄၇ ဘီလျံရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန် ၆၇၆,၉၇၀ လျော့ ကျခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၁ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အတူ ဓာတ်ဆီတန်ချိန် ၁ ဒသမ ၆ သန်းကျော်တင်သွင်းထားပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၉၇၂ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁၁၇,၆၆၀ ပိုမိုတင်သွင်းထားသော်လည်း တန်ဖိုး အမေရိကန် ဒေါ်လာ ၉ သန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်တွင် ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ်လက်လီ တစ်လီတာ ကျပ် ၈၉၀ မှ ၉၂၀ ကြား၊ လက်ကား တစ်လီတာ ကျပ် ၈၇၅ ကျပ်မှ ၈၈၀ ကြား၊ Premium ဒီဇယ် လက်လီတစ်လီတာ ကျပ် ၉၀၀ မှ ၉၃၀ ကြား၊ လက်ကားတစ်လီတာ ကျပ် ၈၈၅ မှ ၈၉၀ ကြားရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းမှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ဓာတ်ဆီ (RON 92) လက်လီတစ်လီတာ ကျပ် ၇၈၀ မှ ၈၁၀ ကြား၊ လက်ကားတစ်လီတာ ကျပ် ၇၈၀ မှ ၇၈၅ ကြားနှင့် ဓာတ်ဆီ (RON 95 ) လက်လီတစ်လီတာ ကျပ် ၈၆၀ မှ ၉၀၀ ကြား၊ လက်ကားတစ်လီတာ ကျပ် ၈၁၅ မှ ၈၂၀ ကြားရှိသည်။
ကမ္ဘာ့ရေနံစျေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ၁၅ ရက်အတွင်း ၁၃ ရာခိုင်နှုန်း ကျော် ပြန်ကျခဲ့သည်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီလဆန်းမှ မေလကုန်ပိုင်းအထိ ခြောက်လနီးပါးအတွင်း တစ်လီတာ ကျပ် ၁၆၀ မှ ၂၅၅ ကျပ်အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုးအစားအလိုက် ၁၈ ရာခိုင်နှုန်းကျော်မှ ၃၆ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ရာမှ ဇွန်လဆန်းမှစတင်ကာ ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
၂၀၁၉ ခုနှစ်အတွင်း လအလိုက်၊ စက်သုံးဆီစျေးနှုန်း (လီတာ) များအလိုက် မြင့်တက်ခဲ့သော ပမာဏများမှာ ဇန်နဝါရီတွင် ၂၅ ကျပ်မှ ကျပ် ၆၀ အထိ၊ ဖေဖော်ဝါရီတွင် ကျပ် ၄၀၊ မတ်တွင် ၅၅ ကျပ်မှ ကျပ်၈၀ အထိ၊ ဧပြီတွင် ၃၅ ကျပ်မှ ၆၅ ကျပ်အထိ စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး မေတွင် အတက်အကျနည်းပါးခဲ့ကာ ဇွန်လဆန်းမှ စတင်ကာ စျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
ဒေါ်လာစျေးနှင့် ကမ္ဘာ့ရေနံစျေးနှုန်း အပြိုင်မြင့်တက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန်လမှ အောက်တိုဘာအထိ လေးလကျော်အတွင်း ပြည်တွင်းစက်သုံးဆီစျေးနှုန်း ၂၁ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး တစ်လီတာစံချိန် တင်စျေးနှုန်းများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် 92 Ron ၁၀၆၅ ကျပ်၊ 95 Ron ၁၁၁၅ ကျပ်၊ ဒီဇယ် ၁၀၉၅ ကျပ်၊ ပရီမီယံဒီဇယ် ၁၁၀၅ ကျပ်အထိဖြစ်ပေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်