ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ညောင်ခြေထောက် တိုက်နယ် ပြည်သူ့ ဆေးရုံအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ဆေးရုံအတွင်းရှိ လူနာများ အပါဝင် ရေဘေးသင့်ပြည်သူများကို မီးသတ်တပ်ဖွဲ့မှ ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ (၁၇)ရက်၊ ည(၁၀)နာရီအချိန်ခန့်က အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၄/၄)နှင့် (၁၃၅/၁)ကြားရှိ ညောင်ခြေထောက် တိုက်နယ်ဆေးရုံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ဆေးရုံအတွင်း ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နေကြောင်း သတင်းအရ အုတ်တွင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ည (၁၀)နာရီ၊ မိနစ်(၄၀) အချိန်တွင် ကယ်ဆယ်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူ၊ အုတ်တွင်းနှင့် ရေတာရှည်မြို့နယ် မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများ ဝင်ရောက်လျက်ရှိသောကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများကို စောင့်ရှောက်ထားရကြောင်း သိရသည်။
ယာဂီမုန်တိုင်းအကြွင်းကျန် လေပွေလှိင်း ဖြတ်သန်းပြီး စံချိန်တင်မိုးများခဲ့ပြီး စစ်တောင်းမြစ်ရေမှာ ကျဆင်းလာပြီဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်ရှိနေရာ လက်ရှိချိန်အထိ ပဲခူးရိုးမ အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းတိုတွင် ရေကြီး၊ ရေလွှမ်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရေးဘေးသင့်ပြည်သူများအတွက် အကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
