ပြည်သူများသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေးတို့အတွက် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
နစက ဥက္ကဋ္ဌမှ ယနေ့ စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်သူများသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေးတို့အတွက် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကာ ပျက်စီးသွားသော တံတားများတွင် ယာယီဘေလီတံတားများကို ဦးစားပေးဆောက်လုပ်ရမည်ဟု မှာ ကြားသည်။
ထို့ပြင် ရေဘေးရှောင်စုရပ်များသို့ရောက်ရှိနေသူများ ၎င်းတို့၏ နေရပ်သို့ပြန်လည်သွားရောက်နိုင်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ကာ ရေဝင်နစ်မြုပ်ခဲ့သည့် ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။
” မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ သူတို့ရဲ့နေရပ်ဒေသအသီးသီးမှာ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးရပါမယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ ငွေကြေး၊ စက်ယန္တရားတွေနဲ့ အထောက်အကူပြုပစ္စည်းတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ရာ၌ ေ-သဆုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများပြုလုပ်ပေးရမည်ဖြစ်ကာ ရေဘေးကြောင့် နေအိမ်ဆုံးရှုံးခဲ့သူများအတွက်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရေဘေးဒုက္ခသည်စခန်းများရှိပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
