■ လိဂ်ဖလား တတိယအဆင့်
ဘရိုက်တန် - ဝုလ်ဗ် (ကြာသပတေးနံနက် ၁း၁၅ နာရီ)
ဘရိုက်တန်အသင်းက လူငယ်နည်းပြ ဟူဇီလာလက် ထက် မန်ယူကိုနိုင်၊ အာဆင်နယ်ကို သရေကစားပြီးမှ တန်း တက်ကလပ် အစ်ဝစ်ချ်ကို အမှတ်ခွဲပေးထားရတယ်။ ဘရိုက် တန်အသင်း ဥရောပပြိုင်ပွဲ ကစားဖို့မရှိလို့ ပြိုင်တွင်းပြိုင်ပွဲတွေ ကို ဖိဖိစီးစီးကစားနိုင်လောက်တယ်။ ဒုတိယအဆင့်က ခရော် လေကို ကျော်ဖြတ်ခဲ့တဲ့ Line Up ကိုပဲ အခုပွဲမှာ ပြန်သုံးဖို့ များပြီး အရန်အင်အားကလည်း မဆိုးပါဘူး။ ဝုလ်ဗ်ကတော့ ပရီးမီးယားလိဂ် ပွဲကျပ်တွေနဲ့အတူ နိုင်ပွဲမရသေးလို့ လိဂ်ဖလား ကို စောစောစီးစီးလက်လွှတ်မလား စောင့်ကြည့်ရမယ်။ ဘ ရိုက်တန် နိုင်ဖို့များတယ်။
ကိုဗင်ထရီ - စပါး (ကြာသပတေးနံနက် ၁း၃၀ နာရီ)
စပါးအသင်းက ပြီးခဲ့တဲ့(၂)ရာသီဆက်တိုက် လိဂ်ဖလား ပထမဆုံးပွဲမှာပဲ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရတယ်။ အခု ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲလည်း ယှဉ်ပြိုင်ဖို့ရှိနေလို့ စပါးအ သင်းနည်းပြ ပိုစတီကိုဂလူး ဘယ်လမ်းရွေးမလဲ စောင့်ကြည့်ရ မှာဖြစ်တယ်။ စပါးအသင်း အရန်ကစားသမားအများစုကို ပွဲ ထုတ်ရင်တောင် လူစာရင်းက လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင် ထရီအသင်းထက် သာနေသေးပါတယ်။ ဒါပေမဲ့ ကိုဗင်ထရီအ သင်း လိဂ်ပြိုင်ပွဲမှာ ဖိအားမရှိတာက ဖလားပြိုင်ပွဲကို ပိုပြီးအား စိုက်ကစားနိုင်တာကို သတိပြုသင့်ပါတယ်။ စပါးနိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။
■ စပိန်လာလီဂါပွဲစဉ်
ဘက်တစ် - ဂီတာဖေး (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
ဘက်တစ်အသင်းက နောက်ဆုံးပွဲမှာ နိုင်ပွဲစရထားပြီး ဂီတာဖေးအသင်းကတော့ ဒီရာသီမှာ နိုင်ပွဲ လုံးဝမရသေးပါဘူး။ ကစားသမားပိုင်း မကွာပေမဲ့ အိမ်ကွင်းကစားရမယ့် ဘက်တစ် ကိုပဲ ကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
