■ လိဂ်ဖလားပွဲတွင် ပွဲထွက်ကစားခွင့်ရရှိရန် အန်တိုနီ မျှော်လင့်နေ
24htopnews | September 18, 2024 1:12 PM CST
မန်ယူအသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား အန်တိုနီသည် အင်္ဂါနေ့(ယနေ့) ယှဉ်ပြိုင်ကစားမည့် လိဂ်ဖလားပြိုင်ပွဲတွင် ပွဲထွက်ကစားခွင့်ရရှိရန် မျှော်လင့်နေကြောင်း သိရသည်။
အန်တိုနီ(၂၄ နှစ်)သည် ယခုရာသီတွင် မန်ယူအသင်းအတွက် မိနစ်ပိုင်းသာ လူစားဝင်ကစားခွင့်ရရှိထားပြီး အရန်ခုံထိုင်နေရသူဖြစ်သည်။
ထို့ကြောင့် ဘန်စလေနှင့် ယှဉ်ပြိုင်ကစားရမည့် လိဂ်ဖလားပွဲ၌ ပွဲထွက်ခွင့်ရရှိရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူနည်းပြ တန်ဟက်ဂ်ကလည်း အန်တိုနီအနေဖြင့် ပွဲထွက်ကစားခွင့်ရရှိမည့် အခွင့်အရေးကို ရယူရမည်ဖြစ်ကြောင်းနှင့် လေ့ကျင့်ရေးကွင်းမှ စွမ်းဆောင်ရည်အပေါ်မူတည်၍ ပွဲထွက်ခွင့်အတွက် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
