ရှမ်းပြည်နယ် တောင်ပိုင်းတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီးနောက် ပင်လုံမြို့နယ် စနင်းတောင်တန်း တလျှောက် မြေပြိုမှုနှင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နေပြီး အန္တရာယ်ရှိနိုင်သောကြောင့် ယာဉ်များ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ထို့ပြင် တောင်ကြီး-ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်းပိုင်း၌ လည်း မြေပြိုပြီး လမ်းပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေသောကြောင့် ယခုကာလအတွင်း ခရီးသွားလာရန် မသင့်သေးကြောင်း ဒေသတွင်း ခရီးသည်တင် ယာဉ်မောင်းနှင်သူတို့က ဆိုထားသည်။
မိုင်းပွန်နှင့် လွိုင်လင်သွား လမ်းပိုင်းကြား ကားလမ်းပိတ်ဆို့နေချိန် တောင်ကြီး-ဟိုပုံး-ကျောက်တန်းမှတဆင့် စနင်တောင်ကျောအတိုင်း ပင်လုံမြို့သို့ သွားလာနိုင်သော်လည်း လက်ရှိ စနင်းတောင်ကျောတလျောက် မြေပြိုမှုနှင့် ရေကြီး၊ ရေလျှံမှုကြောင့် သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း သိရသည်။
လက်ရှိ အဆိုပါ လမ်းပိုင်းများသို့ ခရီးသွားမည်လျှင် ဟိုပုံး – မိုင်းပွန်-လွိုင်လင် လမ်းပိုင်း၌ တောင်ပြိုပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားတတ်သောကြောင့် ညအိပ်စောင့်ရကြောင်း ဒေသတွ င်ရှိ ယာဉ်မောင်းတို့က ဆိုသည်။
အဆိုပါ လမ်းပိုင်းရှိ စောင့်ကြပ်နေသည့် အဖွဲ့အစည်းများမှလည်း ခရီးမဆက်ရန် တားမြစ်ထားကြောင်း တောင်ကြီး – ပင်လုံ ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ဆိုထားသည်။
ထို့ပြင် စနင်းတောင်ပေါ်ရှိ ကျေးရွာများ၌လည်း မြေပြိုမှုကြောင့် လူနေအိမ်များ ပျက်စီးမှုများရှိနေပြီး လူထိခိုက် ေ-သဆုံးမှုများလည်းရှိနေရာ စနင်းတောင်ကျောပေါ် သွား ရောက်ကူညီရန် ခက်ခဲလျက်ရှိနေပြီး ဆက်သွယ်ရေး ပြတ်တောက်နေကြောင်းလည်း သိရသည်။
ယာဂီမုန်တိုင်းအကြွင်းကျန် လေပွေလှိုင်း ဖြတ်သန်းပြီး နိုင် ငံတစ်ဝန်း စံချိန်တင်မိုးများခဲ့ကာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောမြို့မှာလည်း ရေကြီး၊ ရေလျှံမှု၊ မြေပြိုမှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် လူထိခိုက် အသက်ဆုံးရှုံးမှု၊ ပျောက်ဆုံးမှုများနှင့် ကြုံတွေ့ခဲ့ရပြီးပြန်လည်ထူ ထောင်ရေး လုပ်ဆောင်နေရကြောင်း သိရသည်။
အလားတူ ညောင်ရွှေမြို့နယ် အင်းလေဒေသတွင်လည်း ကျေးရွာ (၂၀၀) ဝန်းကျင်ရေကြီးနစ်မြုပ်လျက်ရှိရာ လျှပ်စ စ်မီးမရသောကြောင့် ချက်ပြုတ်စားသောက်ရန် ခက်ခဲနေပြီး အလွယ်တကူစားသုံးရသည့် စားစရာများ၊ သောက်သုံးရေ၊ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအရေးပေါ် လိုအပ်နေကြောင်းနှင့် အင်းလေကန် ရေပြန်ကျရန် လပေါင်းများစွာကြာမြင့်မည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
