မြန်မာ ယူ-၂၀ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်အပြီး စက်တင်ဘာ ၁၆ ရက်မှစ၍ ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မြန်မာ ယူ-၂၀ အသင်းသည် ယခုလကုန်ပိုင်းယှဉ်ပြိုင်ရမည့် ၂၀၂၄ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်တင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သွားရောက်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ သုံးပွဲကစား ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
မြန်မာ ယူ-၂၀ အသင်းသည် အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်မည့် ဘာရိန်း ယူ-၂၀ အသင်း၊ ကမ္ဘောဒီးယား ယူ-၂၀ အသင်းအပါ အဝင် ထိုင်းလိဂ်-၃ ကလပ် ကာဆမ်ဘမ်ဒစ်တက္ကသိုလ်အသင်းတို့နှင့် ခြေစမ်းကစားခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် ထိုင်းလိဂ်-၃ ကလပ်ကို ငါးဂိုးပြတ်အနိုင်ရသော်လည်း ကမ္ဘောဒီးယား ယူ-၂၀ အသင်း နှင့် နှစ်ဂိုးစီသရေကျကာ ဘာရိန်း ယူ-၂၀ အသင်းကို (၃-၁) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာ ယူ-၂၀ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ်သို့ ကစားသမား ၂၄ ဦးခေါ်ဆောင်သွားသော်လည်း ဒဏ်ရာရကစားသမားအချို့ ရှိခဲ့သဖြင့် ဒဏ်ရာရသူများကို ချန်လှပ်ကာ အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်မည် ဖြစ်သည်။ မြန်မာ ယူ-၂၀ အသင်းသည် စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (I) ပွဲစဉ်များကို ကာဂျစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် ဂျပန်၊ ကာဂျစ္စတန်၊ တာ့ခ်မင်နစ္စတန်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ ခြေစစ်ပွဲကို အုပ်စု ၁၀ ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး ငါးသင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။
မြန်မာ ယူ-၂၀ အသင်းသည် ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
