ပြီးခဲ့သည့်ရာသီကုန်တွင် မန်ယူအသင်း နှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လမ်းခွဲထားခဲ့သည့် မန်ယူတိုက်စစ်ကစားသမားဟောင်း မာစီယဲလ်သည် ဂရိကလပ် AEK အေသင်အသင်းသို့ ပြောင်းရွှေ့ကစားမည် ဖြစ်ကြောင်း သိရသည်။
မာစီယဲလ်သည် ကိုးနှစ်ကြာ ကစားခဲ့သည့် မန်ယူအသင်းမှ ထွက်ခွာခဲ့ပြီးနောက် ကလပ်အသင်းသစ် ရှာဖွေခဲ့့ခြင်းဖြစ်သည်။ မာစီယဲလ်သည် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်း အပါအဝင် အသင်းများစွာနှင့် အပြောင်းအရွှေ့သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းထဲတွင် ဖလာမင်ဂိုအသင်းသို့ ရောက်ရှိ ရန်နီးစပ်ခဲ့သော်လည်း ၎င်းဘက်မှ တောင်းဆိုမှု မြင့်မားလွန်းခြင်းကြောင့် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မာစီယဲလ်သည် ဂရိ ကလပ် AEK အေသင်အသင်းသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။ ၎င်းအနေဖြင့် AEK အေသင်အသင်းနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားပြီး တစ်နှစ် ပေါင် ၂ ဒသမ ၅ သန်း ဝန်းကျင် ရရှိမည်ဖြစ်ကြောင်း သိရသည်။
သုံးနှစ်စာချုပ်အရ မာစီယဲလ်သည် စုစုပေါင်း ပေါင် ၇ ဒသမ ၅ သန်းဝန်းကျင် ရရှိမည်ဖြစ်ပြီး ယင်းပမာဏမှာ AEK အေသင်အသင်း၏သမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
မာစီယဲလ် (၂၈ နှစ်) ပြောင်းရွှေ့မည့် AEK အေသင်အသင်းတွင် စပါးကစားသမားဟောင်း လာမယ်လာ၊ ဝက်ဖို့ဒ်ကစားသမားဟောင်းများဖြစ်သည့် ပယ်ရေရာနှင့် အမ်ရာဘတ်၊ ဘရန့်ဖို့ဒ်ဂိုးသမားဟောင်း စထရာကိုရှာတို့ ကစားနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
