ရေဘေးသင့်ပြည်သူများအတွက် နေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ခြောက်လအတွင်း ပျက်စီးမှုအနည်း၊ အများ အလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားသည်။
နစက ဥက္ကဋ္ဌမှ ယမန်နေ့စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးပြောကြားရာ၌ တိုက်တွန်း မှာကြားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကာ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာများလစ်ဟင်းမှု မရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းပိတ်ရက်အလွန်များပြားသွားမည်ဆိုပါက နွေရာသီ တွင် ပြန်လည်သင်ကြားပေးနိုင်ရေး စီမံသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရနိုင်သမျှ Saving လုပ်သွားရန်လိုကြောင်းလည်း နစကဥက္ကဌက ပြောသည်။
ယမန်နေ့က ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေး၌ တင်ပြချက်များကို Check List ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို အမြဲ မပြတ်စိစစ်၍ လုပ်ငန်းတိုးတက်မှုများကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားရန်နှင့်တင်ပြသွားရန်လိုကာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး အဓိကထား ဆောင်ရွက်သွားကြရန်လည်း နစကဥက္ကဌက တိုက်တွန်းပြောကြားခဲ့သည်။
ယာဂီမုန်တိုင်းအရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ နိုင်ငံတဝှမ်း ရေကြီးမှုများ ကြုံတွေ့ခဲ့ရကာ အသက်ဆုံးရှုံးမှုများလည်း ဖြစ်နေပြီး လက်ရှိတွင် ရေဘေးကြောင့် လူ ၄ သိန်းနီးပါး ရေဘေးရှောင်နေရကာ ၂၂၆ ဦး ေ-သဆုံး၍ ၇၇ ဦးပျောက်ဆုံးနေကြောင်း နစက ကထုတ်ပြန်ထားသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
