နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ချောင်းခြားရွာတွင် ရေဘေးသင့်ပြည်သူများနှင့် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်သူ စုစုပေါင်း လူဦးရေ (၁၀၀) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သော်လည်း ေ-သဆုံးသူမရှိကြောင်း ဒေသတွင်း ပရဟိတအဖွဲ့များထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ (၁၇) ရက်က ရေဘေးကယ်ဆယ်ရေးအတွက် လာရောက် လှူဒါန်းသည့် ဒံပေါက် အပြင် ထမင်းနှင့် အသားဟင်း၊ အသုပ်များ စားသုံးမိရာမှ တစ်ဆင့် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစာအဆိပ်သင့်မှုမှာ လူ (၁၀၀)ကျော် ေ-သဆုံး သည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် သတင်းအမှားများ အပေါ် ဒေသခံကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြန်လည်ဖြေရှင်း ပြောဆိုထားသည်။
“တပ်ကုန်းမြို့နယ်သတင်းက ကောလာဟလ ဖြေရှင်းခြင်းပါ။ ချောင်းခြားရွာ အစာအဆိပ်သင့်ခြင်းအား မေတ္တာရိပ်အဖွဲ့ကိုယ်တိုင် အရေးပေါ်ကားများဖြင့် သွားရောက်ခေါ်ဆောင် ဆေးကုသပြီး ချောမောစွာ ပြန်လည်ရောက်ရှိနေပါပြီ။ ေ-သဆုံးသူ မရှိပါ။ ပတ်ဝန်းကျင်တွင် လူအများ ထိတ်လန့်အောင် လူ (၁၀၀)ကျော် ေ-သဆုံးသည်ဟူသော ကောလာဟလ ဖြန့်ဝေသူများ မယုံကြဖို့ သတိပေးအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သူများကို တပ်ကုန်းမြို့ ကုတင် (၁၀၀)နှင့် ကုတင် (၅၀၀) ဆေးရုံအပါအဝင် ရွာထိပ်ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ဆေးပေးခန်းများသို့ ပို့ဆောင်ဆေးကုသမှုခံယူပြီး ကျန်းမာရေး ကောင်း မွန် လာ၍ ချောင်းခြားရွာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ် ကြောင်း သိရသည်။
ဖြစ်စဉ်အရ အစာအဆိပ်သင့်မှု ဟုတ်/ မဟုတ် စစ်ဆေးနေဆဲဖြစ်ပြီး လာရောက်လှူဒါန်းခဲ့သည့် ဒံပေါက်ကိုလည်းဆေး စစ်ရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
နေပြည်တော်၊ တပ်ကုန်းမြို့တွင် ယာဂီ မုန်တိုင်းအရှိန်ကြော င့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် ဆိုးရွားစွာ ရင်ဆိုင်နေရသောကြောင့် ကျေးရွာများတွင် ပိတ်မိနေသူ ဒေ သခံများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရကြော င်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
