ဟိုက်ဒရိုကလိုရိုဖလိုရိုကာဗွန်များက ထုတ်လွှတ်သည့် ဓာတ်ငွေ့များသည် အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်စေပြီးအိုဇုန်းလွှာပါးလာသည်နှင့်အမျှ ကမ္ဘာမြေပေါ်တွင် ဓါတ်ရောင်ခြည်များကို တိုးပွားစေနိုင်သဖြင့်ကမ္ဘာတဝှမ်းက သတိပေးနေကြပြီဖြစ်သည်။
အချို့သော HCFCs များသည်ရေရှည်တွင် ရေသတ္တဝါများအတွက်ပါ အဆိပ်ဖြစ်စေနိုင်သည့်သက်ရောက်မှုများရှိသည်။
ထို့ကြောင့် HCFC – 22/R-22 အပါအဝင် ဟိုဒရိုကလိုရိုဖလူရိုကာဗွန်(HCFCs) အသုံးပြုသည့်မြင်းကောင်ရေ ၂.၅(၂၁၀၀၀ BTU/HR)နှင့်အထက် စွမ်းအား(capacity) ရှိသည့်လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့်လုပ်ငန်းသုံး ၊ရေခဲသေတ္တာများ၊အေးခဲသိုလှောင်ခန်းများ၊အေးခဲစက်များပြည်တွင်းသို့ တင်သွင်းမှုကို တားမြစ်ထားကြောင်း မြန်မာ နိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ယင်းအမိန့်ကြေညာစာကို စက်တင်ဘာ ၇ ရက်တွင်ထုတ်ပြန်ခဲ့ပြီး ဖော်ပြပါ ပစ္စည်းများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့မှစ၍ တင်သွင်းခွင့် တားမြစ်ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများ တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေတဲ့ အအေးပေးပစ္စည်းများသုံးစွဲမှု လျှော့ချခြင်းတို့ကို ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs/R-22) အသုံးပြုသည့် မြင်းကောင်ရေ ၂.၅ နှင့် အောက် အင်အားရှိ လေအေးပေးစက် (HCFCs/R-22 based split and window type air conditioner equipment) များ ပြည်တွင်းသို့တင်သွင်းမှုအား၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စ၍တားမြစ်သည့်အမိန့်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၈/၂၀၂၀ ဖြင့် ထုတ်ပြန်ထားသေးသည်။
နေမှထွက်သောအန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာက ကာထားခြင်းဖြင့် ကမ္ဘာမြေကို အကာအကွယ်ပေးထားခြင်းဖြစ်သည်။
CFCs၊ halons နှင့် HCFCs အပါအဝင် အချို့သော ဓာတုဓာတုပစ္စည်းများကို ထုတ်လွှတ်ခြင်းသည် အိုဇုန်းလွှာကို ဖျက်ဆီးပြီး တောင်ဝင်ရိုးစွန်းတွင် “အိုဇုန်းပေါက်” ကို ဖြစ်စေခဲ့သည့်သုတေသနများရှိသည်။
ယခင် နှစ်များစွာထဲက CFC free ဟု စာကပ်ထားသည့် ရေခဲသေတ္တာများကို တွေ့ဖူးကြမည်ဖြစ်သည်။ ထို့ကြောင့်မိမိတို့ အသုံးပြုနေသည့် အိမ်သုံး ပစ္စည်း များသည် သဘာဝကို ထိခိုက် စေနိုင်လား ဆန်းစစ်ကြရမည့် အချိန်ဖြစ်သည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
