ယနေ့ စက်တင်ဘာ (၁၈) ရက်တွင် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတဆင့် သွင်းကုန်လုပ်ငန်းရှင်များကို ထိုင်းဘတ်(၁၀)သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားသည်။
စက်တင်ဘာလ (၁၂)ရက်တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီအတွက် အမေရိကန်ဒေါ်လာ (၁၀) သန်းနှင့် စားသုံးဆီအတွက် အမေရိကန်ဒေါ်လာ (၇)သန်းကို FX Trading Platform မှတဆင့် ရောင်းချပေးထားသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁)ရက်မှ ယနေ့အထိ တစ်လခွဲကျော်အတွင်း ဒေါ်လာသန်း (၂၃၀) ၊ ထိုင်းဘတ်သန်း (၁၇၀)နီးပါးနှင့် တရုတ်ယွမ်သန်း (၂၀)ကျော်ရောင်းချပေးထားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းတွင် ပြင်ပနိုင်ငံခြားငွေကြေး ဈေးကွက်၌ ဒေါ်လာဈေး ကျပ် ၇၀၀၀ ကျော်ထိ အမြင့်ဆုံးနှုန်းထားရောက်ခဲ့ပြီး ဗဟိုဘဏ်က ဒေါ်လာသန်းရာချီရောင်းချပေးခဲ့ပြီးနောက် ဆက်တိုက်အကျရှိလာခဲ့ကြောင်း သိရသည်။
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာ (၅၂၅၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ်လျှင် (၁၅၁) ကျပ်၊ တရုတ်ယွမ်တစ်ယွမ်လျှင် (၇၁၂) ကျပ်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
