ပဲ့ထိန်းဒုံးကျည်ဟု သံသယရှိဖွယ် ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ပြီးနောက် ယင်းဒုံးကျည်သည် ပင်လယ်ထဲသို့ ကျရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်သည်။
မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့် ဒုံးကျည်တစ်စင်းသည် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်ဟု ဂျပန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ပြောကြားကြောင်း ကမ်းခြေစောင့်တပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် အဆိုပါ ဒုံးကျည်အား အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်သို့ ကျရောက်ခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြထားသည်။
ဖြစ်နိုင်ချေရှိသော ဒုံးကျည်အပိုင်းအစများနှင့် ဝေးဝေးနေရန် သင်္ဘောများအား သတိပေးချက်ကို ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပြီး ယင်းတို့ကို တွေ့ရှိပါက အာဏာပိုင်များထံ ဆောလျင်စွာ သတင်းပို့ရန်ကိုလည်း ထပ်ဆင့်ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
