မော်စကို၊စက်တင်ဘာ ၁၇
အနောက်နိုင်ငံများ ၏ ရန်လိုမှုနှင့်ပြဿနာများအပါအဝင် နယ်စပ်တစ်လျှောက် အန္တရာယ်များကြောင့် ရုရှားသည် ၎င်း၏စစ်တပ်အင်အား ကို ၁ ဒသမ ၅ သန်းအထိတိုးမြှင့်နေကြောင်း ခရမ်မလင်နန်းတော်က စက်တင်ဘာ ၁၇ ရက်နေ့ကပြောကြားခဲ့သည်။
သမ္မတပူတင်သည် စစ်အင်အားတိုးမြှင့်သည့် အမိန့်ဒီကရီ ကို ပြီးခဲ့သည့်တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ အဆိုပါဒီကရီအရ မူလကစစ်သည်အင်အားကို ၁၈၀,၀၀၀ မှ နေ၍ ၁ ဒသမ ၅ သန်းအထိတိုးမြှင့်နေပြီး ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးစစ်တပ် ဖြစ်လာမည်ဟု ဆိုသည်။
“ကျွန်တော်တို့နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ရှိနေတဲ့ အန္တရာယ် က များတာကြောင့် အခုလို စစ်အင်အားကိုတိုးမြှင့်သတ်မှတ်လိုက်ရတာဖြစ်ပါတယ်” ဟု ခရမ်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။
“အနောက်နယ်စပ်မှာဖြစ်နေတဲ့ ရန်လိုမှုတွေနဲ့ အရှေ့နယ်စပ်က မတည်ငြိမ်မှုတွေကြောင့် အခုလိုစီစဉ်လိုက်ရခြင်းဖြစ်ပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ယခုတစ်ကြိမ်တိုးမြှင့်မှုသည် ၂၀၂၂ ခုနှစ်က ယူကရိန်းသို့ ရုရှားဘက်ကထိုးစစ်ဆင်ပြီးနောက်ပိုင်း တတိယအကြိမ်မြောက်တိုးမြှင့်ခြင်းလည်းဖြစ်ကာ လက်ရှိတွင် ယူကရိန်းစစ်၌ စစ်သည်အင်အား ၇၀၀,၀၀၀ နီးပါးတိုက်ပွဲဝင်နေကြောင်း ဇွန်လကထုတ်ပြန်ခဲ့သည့် ပူတင်၏ခန့်မှန်းချက်အရသိရှိရသည်။
ပြီးခဲ့သည့်ခြောက်ပတ်အတွင်း ရုရှားအနေဖြင့် အနောက်ဘက်ကာ့စ်ဒေသသို့ ရုတ်တရက်ဝင်ရောက်ထိုးစစ်ဆင်ခဲ့သည့် ယူကရိန်းတပ်များကို ခုခံနေရသကဲ့သို့ ယူကရိန်းအရှေ့ဘက်နယ်မြေများကိုလည်း ထိုးစစ်ဆင် နေသဖြင့် နှစ်နေရာစာအတွက် စစ်သည်အင်အားမျှတစေရန်ဆောင်ရွက်နေခဲ့ရသည်။
ရုရှားသည် မြောက်အတ္တလန္တိတ်စာချုုပ်အဖွဲ့ (နေတိုး) အဖွဲ့၏ရန်ကို အဓိကစိုးရိမ်နေခြင်းဖြစ်သော်လည်း နေတိုးကမူ ၎င်းတို့သည် ကာကွယ်ရေးမဟာမိတ်များသာဖြစ်ပြီး မော်စကိုနှင့်ထိပ်တိုက်တွေ့ရန်ကြိုးပမ်းမည်မဟုတ်ကြောင်းလည်းပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/ဒီဝိုင်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
