ဓာတ်ပုံ -Thai News
မြန်မာလုပ်သား ၉၂ဦးကို MoU Zero Cost (အခမဲ့စနစ်)ဖြင့် ထိုင်းနိုင်ငံသို့ ကော့သောင်းရနောင်းလမ်းကြောင်းမှ ဇူလိုင်လ၂၁ ရက်နေ့ က ဒုတိယအကြိမ်အဖြစ် ထပ်မံစေလွှတ်ခဲ့ ကြောင်းသိရသည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်ရှိ လက်အိတ်စက်ရုံနှင့် ရော်ဘာအရည်ထုတ် လုပ်ရေး စက်ရုံတို့တွင် အလုပ်လုပ် ကိုင်ရန် အတွက် မြန်မာလုပ်သား အမျိုးသား ရဝဦး၊ အမျိုးသမီး ၂၂ဦးတို့ကို ကော့သောင်း-ရနောင်း ရေလမ်းကြောင်းမှ MOU Zero Cost စနစ်ဖြင့် ထိုင်းနိုင်ငံ သို့ ဒုတိယမြောက် Zero Cost အုပ်စုအဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မြန်မာပြည်သားများအစေးပူးတွဲလှုပွရှားမှုကော်မတီ(JACBA)ဥက္ကဌ ဦးမိုးကြိုးက""MoU Zero Cost ဟာ အကြိမ်များစွာ ကံကောက်မှု ရရင်ကောင်းတာပေါ့ဗျာ။ဘာလို့လဲဆိုတော့မြန်မာဘက်မှာလည်း တရားဝင်ကျပ်သုံးသိန်းဆိုပေမဲ့ ဒီ့ထက် ၅ဆလောက်ကုန်ကျနေတာကိုး၊ထိုင်းဘက်ကုန်ကျစရိတ်ကလည်းဘတ် ၇၀၀၀၊၈၀၀၀ ဆ်ိုတော့၊အခမဲ့ဝန်ဆောင်မှုစနစ်ဆိုတာ အလုပ်သမားတွေအတွက် အရမ်းကံကောင်းတာပါ၊Zero Cost ဆိုတာ အင်မတန်မှရှားတယ်လေ၊ ဘာဘဲဖြစ်ဖြစ် ထိုင်းအေဂျင်စီနဲ့ မကြာခဏ ညှိနိုင်း လုပ်ဆောင်ပေးတဲ့ မြန်မာအေဂျင်စီတွေကိုလည်း အထူးကျေးဇူးတင်စရာကောင်းပါတယ်။"ဟုဆိုသည်။
ထို့အတူ ပြီးခဲ့သည့် ဇူလိုင် ၁ရက်ကလည်း မြန်မာလုပ်သား ၉၈ဦးကို ကန်ချနဘူရီက အီလက်ထရောနစ်စက်ရုံတွေမှာ အလုပ်ဖို့ ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကနေ MOU Zero Cost စနစ်နဲ့ စေလွှတ်ခဲ့သေးကြောင်း အခုအချိန်အထိမြဝတီ-မဲဆောက်လမ်းကြောင်းနှင့် ကော့သောင်း-ရနောင်း ရေလမ်းကြောင်းတို့မှ MoUလုပ်သား လုပ်သားစုစုပေါင်း ၁၆ဝဝဝခန့် သေလွှတ်ခဲ့ပြီဖြစ်ကြောင်းမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥဣဌဉီးမိုးကြိုးကဖြည့်စွက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
