ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ကျောက်တံတားနှင့်ပန်းပဲတန်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှု ဇူလိုင် ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ တစ်လုံးပေါက်ကွဲပြီး ကျန်တစ်လုံးအား သက်မဲ့ပြုလုပ်ဖောက်ခွဲလိုက်ကြောင်းယင်းနေရာအနီးနေထိုင်သူများထံမှ သိရသည်။
ကျောက်တံတားမြို့နယ်၊ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်တွင် တစ်ဆက်ထဲတည်ရှိသည့် ကျောက်တံတားမြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ပန်းပဲတန်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် ကနဦး ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် မိုင်းရှာဖွေရာတွင် အသုံးပြုသည့်ခွေးဖြင့် ရှာဖွေရာ နောက်ထပ်လက်ပစ်ဗုံးတစ်လုံးရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။
ထိုသို့ မိုင်းရှာခွေးဖြင့် ရှာဖွေတွေ့ရှိသည့် ဗုံးတစ်လုံးကို ယင်းလျှပ်စစ်မန်နေဂျာရုံးရှေ့ ကုန်သည်လမ်းလယ်တွင် သက်ဆိုင်ရာက သက်မဲ့ပြုလုပ်ဖောက်ခွဲလိုက်ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးအနီးနေထိုင်သူတစ်ဦးက " မနက် ၁၁ ခွဲလောက်မှာ လျှပ်စစ်ရုံးရှေ့မှာ တစ်ခါပေါက်ကွဲတယ်။ အဲ့ရုံးရှေ့မှာလုံခြုံရေးချထားတဲ့ သဲအိတ်တွေနဲ့ ဘန်ကာရှိတယ်။ ပေါက်ကွဲပြီးတော့ သူတို့တွေ မိုင်းရှာတဲ့ခွေးနဲ့ အဲ့နားမှာ ထပ်ရှာတယ်။ နောက်တစ်လုံးထပ်တွေ့တယ်။
နောက်တွေ့တယ့် ဗုံးကို လမ်းလယ်ခေါင်မှာ တာယာကွင်းတွေနဲ့အုပ်ပြီး ဖောက်ခွဲလိုက်တယ်။ တာယာစတွေတောင် ဒီဖက်ရောက်လာသေးတယ် " ဟု ပြောကြားခဲ့သည်။
ထို့ကြောင့် လျှပ်စစ်ရုံးရှေ့အနီးတွင် ပေါက်ကွဲမှုတစ်ကြိမ်၊ ရုံးရှေ့ကုန်သည်လမ်းပေါ်တွင် ပေါက်ကွဲမှုတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနေ့လယ် ၂ နာရီခန့်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံးခြုံရေးယူဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
