ချယ်လ်ဆီး ၃-၀ ဝက်စ်ဟမ်း
ချယ်လ်ဆီးအသင်းက အဖွင့်ဂိုးကို စောစောစီးစီး သွင်းယူနိုင်ခဲ့သလို၊ ဂိုးပြတ်နိုင်ပွဲကိုလည်း ရယူနိုင်ခဲ့ပေမဲ့ ကစားပုံကတော့ အားရစရာမရှိခဲ့ပါဘူး။
ပွဲချိန်အများစုမှာ ဝက်စ်ဟမ်းအသင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရပြီး ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ဟာကွက်က သိသာလွန်းခဲ့ပါတယ်။
ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းကလည်း ဖိအားပေးနိုင်ရုံကလွဲပြီး ကန်သွင်းခွင့်ရတဲ့အဆင့်ကို မရောက်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်း သက်သာရာရခဲ့တယ်လို့ ဆိုရမှာပါ။
ချယ်လ်ဆီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန်(၁၀)မိနစ်မှာ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောကနေ သီယာဂိုဆေးလ်ဗားက ခေါင်းတိုက်သွင်းယူခဲ့တာပါ။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေ ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့ ချယ်လ်ဆီးအသင်းအတွက် ဒါဟာ (၈)ဂိုးမြောက်လည်း ဖြစ်ခဲ့ပါတယ်။
အဖွင့်ဂိုးရခဲ့ပေမဲ့ နောက်ပိုင်းပွဲချိန်တွေမှာ ဝက်စ်ဟမ်းအသင်းရဲ့ ထိုးဖောက်မှုကိုပဲ ခုခံနေခဲ့ရပြီး ပြန်ရတဲ့ အခွင့်အရေးတချို့ကိုလည်း တိုက်စစ်မှူး တီမိုဗာနာက အသုံးမချနိုင်ခဲ့ပါဘူး။
ဒါပေမဲ့ ကိုဗာချစ် ဝင်လာပြီးနောက်ပိုင်း ချယ်လ်ဆီးရဲ့ကစားပုံ ပြန်တက်လာခဲ့ပြီး (၇၈)မိနစ်မှာတော့ တီမိုဗာနာရဲ့ ဖန်တီးပေးမှုကနေ အေဘရာဟမ်က ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။
နောက် (၂)မိနစ်အကြာမှာ အေဘရာဟမ်ကပဲ တတိယဂိုးထပ်သွင်းခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယား အဆင့်(၅) နေရာကို တက်လှမ်းခဲ့ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
