လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီက အသင်းဥက္ကဋ္ဌ လော့တီတိုနှင့် ဆက်ဆံရေးအဆင်မပြေဖြစ်နေသည်ဆိုသောသတင်းများမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အင်ဇာဂီနှင့် လော့တီတိုတို့ဆုံတွေ့ခဲ့ပြီး ယင်းဆုံတွေ့မှုသည် အပြုသဘောမဆန်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ ဆီမြွန်နီအင်ဇာဂီက ငြင်းဆန်ခဲ့ပြီး '' ကျွန်တော်နဲ့ လော့တီတို့ကြားမှာ နည်းပြ-ဥက္ကဋ္ဌဆက်ဆံရေးထက် ပိုတဲ့ဆက်ဆံရေးမျိုး ဖန်တီးထားပါတယ်။ ပွဲတစ်ပွဲပြီးဆုံးချိန်တိုင်း ကျွန်တော်တို့ စကားပြောဖြစ်လေ့ရှိပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ တက်ရောက်နိုင်လို့လည်း သူ ဝမ်းသာနေပါတယ်'' ဟု ပြောကြားခဲ့သည်။
လာဇီယိုအသင်းသည် ဆီမြွန်နီအင်ဇာဂီ လက်ထက်တွင် နှစ်ပေါင်းများစွာ ဝေးကွာနေသည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တက်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဆီမြွန်နီအင်ဇာဂီကို လာဇီယိုအသင်း သက်တမ်းတိုးမည်ဟုလည်း သတင်းများထွက်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
