အက်သလက်တီကိုအသင်းသည် ၎င်းတို့၏နည်းပြဖြစ်သူ ဆီမြွန်နီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
အသက် (၅၀)နှစ်အရွယ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြ ဆီမြွန်နီနှင့် အက်သလက်တီကိုအသင်း၏ လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၂ ခုနှစ် ဇွန်လ (၃၀)ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း အက်သလက်တီကိုအသင်းအနေဖြင့် ဆီမြွန်နီအား အသင်းတွင် ကာလရှည်ဆက်ရှိနေစေရန် ဆန္ဒရှိနေခြင်းလည်းဖြစ်သည်။
ဆီမြွန်နီသည် အက်သလက်တီကိုအသင်းအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ (၂၃)ရက်နေ့တွင် စတင်ကိုင်တွယ်ခဲ့ပြီး (၉)နှစ်တာကာလအတွင်း အသင်းနှင့်အတူ လာလီဂါချန်ပီယံဆုဖလားအပါအဝင် အဓိကဆုဖလား (၇)လုံးအထိ ရယူနိုင်ခဲ့သည်။
ထို့ပြင် ဆီမြွန်နီသည် အက်သလက်တီကိုအသင်းအား ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ (၂)ကြိမ် ပို့ဆောင်ပေးခဲ့သလို အသင်းအား ဥရောပထိပ်တန်းအဆင့်သို့ရောက်အောင် ထိန်းကျောင်းပေးနိုင်ခဲ့သည်။
ဆီမြွန်နီသည် ယခုရာသီတွင်လည်း အက်သလက်တီကိုအသင်းအား တစ်ကျော့ပြန်လာလီဂါချန်ပီယံဆုအတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးထားနိုင်သလို၊ ချန်ပီယံလိဂ်တွင်လည်း ရှုံးထွက် (၁၆)သင်း အဆင့်သို့ တက်ရောက်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
ဆီမြွန်နီသည် ဘောလုံးလောကတွင် လစာငွေ အများဆုံးနည်းပြအဖြစ် ရပ်တည်နေသူဖြစ်ပြီး လစာငွေ၊ စပွန်ဆာကြေးနှင့် ဆုကြေးငွေများအပါအဝင် တစ်နှစ်လစာ ယူရိုသန်း (၄၀)ကျော်ရရှိနေသူဖြစ်သည်။
ဆီမြွန်နီအနေဖြင့် စာချုပ်သစ် ချုပ်ဆိုပြီးပါက လစာငွေ ပိုမိုမြင့်မားလာနိုင်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
