ကွင်းသစ်ဆောက်ခွင့်ရရန် အစိုးရထံတင်ပြထား
24htopnews | September 18, 2024 8:12 PM CST
အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနှင့် စီးရီးအေလိဂ်ပြိုင်ပွဲ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒီပီနိုတို့သည် ကွင်းသစ်စီမံကိန်းများ ဆောင်ရွက်ခွင့်ပြုရန် အီတလီအစိုးရထံ တင်ပြထားကြောင်း သိရှိရသည်။
အီတလီနိုင်ငံအတွင်းမှ ကွင်းအများစုသည် ၁၉၉၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်ရည်ရွယ်ပြီး တည်ဆောက်ခဲ့သောကွင်းများဖြစ်သောကြောင့် ဟောင်းနွမ်းကာခေတ်မမီတော့ဘဲ ပြုပြင်ထိန်းသိမ်းမှုများလုပ်ရန် လိုအပ်နေသည်။
ထို့ပြင် စီးရီးအေအသင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံခြားသားအသင်းပိုင်ရှင်များသည် ကွင်းသစ်စီမံကိန်းများဆောင်ရွက်ရန် ဆန္ဒပြင်းပြနေသည်။
ရိုးမားအသင်းသည် ပိုင်ရှင်ဟောင်း ပယ်လော့တာလက်ထက်ကတည်းက ကွင်းသစ်တည်ဆောက်ရန် ရည်ရွယ်ထားသော်လည်း အဆင်မပြေသေးသလို၊ ဖီအိုရင်တီးနားပိုင်ရှင် ရော့ကိုကော်မစ်ဆို၏ ကွင်းသစ်စီမံကိန်းမျှော်လင့်ချက်မှာလည်း ခွင့်ပြုချက်မရရှိသေးကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
