အတ္တလန်တာအသင်းခေါင်းဆောင် ပါပူဂိုးမက်ဇ်သည် ပြီးခဲ့သည့်ဂျူဗင်တပ်စ်အသင်းနှင့် (၁-၁)ဂိုး သရေကျခဲ့သော စီးရီးအေပွဲတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲမခံခဲ့သဖြင့် ပွဲကစားခွင့်ပိတ်ပင်ခံခဲ့ရသည်။
ဂိုးမက်ဇ်သည် အတ္တလန်တာအသင်းနည်းပြ ဂတ်စ်ပါရီနီနှင့် ဆက်ဆံရေးမပြေမလည်ဖြစ်နေပြီး ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသလို၊ အတ္တလန်တာအသင်းမှထွက်ခွာရန်လည်း နီးစပ်နေသည်။
ဂျူဗင်တပ်စ်အသင်းနှင့်ပွဲစဉ်တွင် အတ္တလန်တာအသင်းအတွက် ချေပဂိုးကို ဖရူလာက သွင်းယူပေးခဲ့ပြီးနောက် အသင်းဖော်များအောင်ပွဲခံနေချိန်တွင် ဂိုးမက်ဇ်သည် ကွင်းလယ်စည်း၌ အောင်ပွဲမခံဘဲ တစ်ကိုယ်တည်း မတ်တပ်ရပ်နေခဲ့ကြောင်း သိရသည်။
အဆိုပါ အပြုအမူအတွက် ဂတ်စ်ပါရီနီက စိတ်ပျက်ဒေါသထွက်ခဲ့ပြီး ဂိုးမက်ဇ်၏အခြေအနေနှင့် ပတ်သက်၍ အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ခဲ့ပြီးနောက် ပွဲကစားခွင့်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဂိုးမက်ဇ်သည် ရိုးမားအသင်းနှင့်ကစားသည့်ပွဲကို လွဲချော်ခဲ့သလို၊ သူ၏အေးဂျင့်ဖြစ်သူမှာလည်း ရက်ပိုင်းအတွင်း အတ္တလန်တာအသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အပြောင်းအရွှေ့ကိစ္စဆွေးနွေးသွားဖွယ် ရှိနေသည်။
ဂိုးမက်ဇ်နှင့် ဂတ်စ်ပါရီနီသည် မစ်ဂျီလန်းအသင်းနှင့် ချန်ပီယံလိဂ်ပွဲပထမပိုင်းပြီးဆုံးချိန်တွင် အချင်းများခဲ့ခြင်း ဖြစ်သည်။
ဂတ်စ်ပါရီနီက ဂိုးမက်ဇ်နေရာအစားဝင်နိုင်သည့် အသင်းခေါင်းဆောင်များစွာရှိကြောင်း ရိုးမားနှင့်ပွဲမတိုင်မီ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
