လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲကို အူဘာမီယန်း လွဲချော်မည်
24htopnews | September 18, 2024 8:12 PM CST
အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းသည် ယခုကြားရက်တွင် ယှဉ်ပြိုင်ကစားရမည့် လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် လိဂ်ဖလားကွာတားဖိုင်နယ်အဆင့်တွင် မန်စီးတီးအသင်းနှင့် ဆုံတွေ့နေပြီး အိမ်ကွင်း အီမရိတ်စ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အူဘာမီယန်းသည် ခြေသလုံးကြွက်သားဒဏ်ရာ ရရှိနေသောကြောင့် အဲဗာတန်နှင့်ပွဲတွင်လည်း ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။
အာဆင်နယ်နည်းပြ အာတီတာက ''မနက်ဖြန်ပွဲအတွက် အူဘာမီယန်းရဲ့ကြံ့ခိုင်မှုက အသင့်မဖြစ်ပါဘူး။ ဒါ သေချာပါတယ်။ သူ့ဒဏ်ရာက ပြီးခဲ့တဲ့ရက်တွေထက် တိုးတက်ကောင်းမွန်လာပေမဲ့ စစ်ဆေးမှုတွေ ထပ်လုပ်ရဦးမှာပါ။ သူက အသင်းအတွက် ဘယ်လောက်အရေးကြီးတဲ့သူလဲဆိုတာ သူ သိပါတယ်။ တတ်နိုင်သမျှ အမြန်ဆုံးပြန်ကစားနိုင်ဖို့ သူ ကြိုးစားနေပါတယ်'' ဟုပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
