စပါးနည်းပြမော်ရင်ဟိုက ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် နည်းပြများ၏ ကွင်းဘေးစည်းအပြုအမူများအတွက် စံနှုန်း(၂)ခုဖြင့် အရေးယူနေကြောင်း စွပ်စွဲခဲ့သည်။
မော်ရင်ဟိုသည် ယခင်က ကွင်းဘေးစည်း၌ ပေါက်ကွဲသည့် အပြုအမူများအတွက် ပွဲကြီးကြပ်ခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသူဖြစ်သည်။
ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် မိမိကိုအရေးယူသော်လည်း အချို့သောနည်းပြများကိုမူ အရေးယူခြင်းမရှိဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က လီဗာပူးလ်(၂-၁)စပါးပွဲတွင် လီဗာပူးလ်နည်းပြ ကလော့ပ်၏ ကွင်းဘေးစည်းအပြုအမူများနှင့်ပတ်သက်၍ မော်ရင်ဟိုက ဝေဖန်ခဲ့ပြီး မိမိသာဆိုလျှင် အရေးယူခံနေရပြီဟု ပြောကြားခဲ့သည်။
''တကယ်လို့ သူ့ (ကလော့ပ်)လိုသာ ကျွန်တော်လုပ်ခဲ့ရင် ကျွန်တော် ဒီမှာတောင် ဆက်ရှိနေမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကွင်းဘေးစည်းမှာ အပြုအမူကောင်းတွေ ပြုမူဖို့အတွက် အမြဲတစေ ဥပမာပေးခံခဲ့ရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော်ဟာ ကွင်းဘေးက အပြုအမူတွေအတွက် အမြဲအပြစ်ပေးခံခဲ့ရသူပါ'' ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် မန်ယူအသင်းကို ကိုင်တွယ်စဉ် ဝက်စ်ဟမ်းနှင့်ပွဲတွင် ကွင်းဘေး၌ ရေဘူးကိုကန်ခဲ့၍ အရေးယူခံခဲ့ရသလို၊ ဘန်လေနှင့်ပွဲတွင်လည်း ရိုင်းစိုင်းသည့်စကားများ ပြောဆိုခဲ့သည်ဟုဆိုကာ ကွင်းပြင်သို့ ထုတ်ပယ်ခံခဲ့ရဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
