ခြေသလုံးကြွက်သားဒဏ်ရာရရှိထားသည့် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် နောက်ထပ် (၁)လခန့်ထပ်နားရဖွယ်ရှိနေကြောင်း သိရသည်။
အီဘရာဟီမိုဗစ်သည် ပြီးခဲ့သည့်နိုဝင်ဘာလ (၂၂)ရက်တွင်ကစားခဲ့သော နာပိုလီအသင်းနှင့်ပွဲတွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ယခုတစ်ပတ်တွင်ကစားသည့် ဆာဆူအိုလိုအသင်းနှင့်ပွဲမတိုင်မီ အေစီမီလန်အသင်း လေ့ကျင့်ခန်းအစီအစဉ်တွင် အီဘရာဟီမိုဗစ် ပါဝင်ခဲ့သော်လည်း နောက်ထပ် ထိခိုက်မိခဲ့သဖြင့် (၁)လခန့် ထပ်မံအနားယူရဖွယ်ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် လာဇီယို၊ ဘင်နီဗန်တိုတို့နှင့်ပွဲစဉ်များအပြင် ဇန်နဝါရီ (၆)ရက်တွင်ကစားမည့် ဂျူဗင်တပ်စ်အသင်းနှင့်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေသည်။
၎င်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၃)ပွဲ ကစားပြီးသည့်အနက် အသင်းအတွက် (၆)ပွဲသာ ကစားခဲ့ရသည်။
သို့သော် ယင်း(၆)ပွဲတွင် (၁၀)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ယခုတစ်ပတ်တွင်မှ စီရော်နယ်လ်ဒိုနှင့် လူကာကူတို့က ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
