ချယ်လ်ဆီးအသင်းနည်းပြလမ်း ပတ်သည် အိမ်ကွင်းပွဲကစားသည့်နေ့မတိုင်မီ ညများ၌ သူ၏ချယ်လ်ဆီးအသင်းမှ ကစားသမားများကို နေအိမ်သို့ ပြန်ခွင့်မပေးဘဲ ဟိုတယ်၌ ညအိပ် စေသည့် သူ၏အစီအစဉ်အား ပယ်ဖျက်ခဲ့ပြီး မိသားစုများနှင့်အတူ ပြန်နေခွင့်ပေးခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
မူလက လမ်းပတ်သည် အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်၌ ပွဲကစားရမည့်နေ့ရက်မတိုင်မီ ကစားသမားများ တစ်စုတစ်စည်းတည်းရှိစေရန်နှင့် ပွဲမတိုင်မီ စည်းကမ်းမဲ့စွာသွားလာနေထိုင်မှုအပါအဝင် အခြားအကြောင်းအရာများကြောင့် အားအင်ကုန်ခန်းမည်ကို စိုးရိမ်သဖြင့် နေအိမ်သို့ ပြန်ခွင့်မပေးဘဲ ဟိုတယ်၌ အသင်းလိုက်နေထိုင်စေခြင်းဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းပွဲစဉ်များတွင် ချယ်လ်ဆီးကစားသမားများ လန်းဆန်းတက်ကြွမှုလျော့နည်းလာပုံကို တွေ့မြင်ရပြီးနောက် လမ်းပတ် သည် သူ၏မူဝါဒကို ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်း၏ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ဂျိုးကိုးလ်က ချယ်လ်ဆီးကစားသမားများအနေဖြင့် ယခုနောက်ပိုင်းပွဲစဉ်များ၌ စိတ်မပါလက်မပါကစားသကဲ့သို့ မြင်တွေ့နေရကြောင်း၊ နည်းပြ လမ်းပတ်အနေဖြင့် ကစားသမားများ၏ အခြေအနေကို ပြန်လည်သုံးသပ်သင့်ကြောင်း ရုပ်သံဘောလုံးဝေဖန်မှုတစ်ခု၌ တိုက်တွန်းပြောကြားခဲ့သည်။
ချယ်လ်ဆီးကစားသမားများသည် ယခုတစ်ပတ် ချယ်လ်ဆီး-ဝက်စ်ဟမ်းပွဲမတိုင်မီ တနင်္ဂနွေည၌ ၎င်းတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်ခွင့်ရရှိခဲ့ကြကြောင်း Daily Mail
သတင်းစာက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
