ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ပါးမားအသင်းနှင့် အဝေးကွင်းပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ပြီးနောက် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ပြက္ခဒိန်နှစ် (၁)နှစ်အတွင်း သွင်းဂိုးအများဆုံးကစားသမား (၅)ဦးစာရင်း၌ ပါဝင်လာခဲ့ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ပါးမားအသင်းနှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် ပွဲချိန် (၂၆) မိနစ်နှင့် (၄၈)မိနစ်တို့၌ ဂိုးများသွင်းယူနိုင်ခဲ့သဖြင့် ၂၀၂၀ ခုနှစ်အတွင်း၌ သူ၏စီးရီးအေသွင်းဂိုးအရေအတွက်မှာ (၃၃) ဂိုးအထိ ရှိလာခဲ့သည်။
ထို့ ကြောင့် စီရော်နယ်လ်ဒိုသည် စီးရီးအေဂန္ထဝင်တိုက်စစ်မှူး စတီဖာနိုနော်ယာစ်၏ ပြက္ခဒိန်နှစ် (၁)နှစ်အတွင်း စီးရီးအေသွင်းဂိုးအရေအတွက် (၃၂)ဂိုးကိုကျော်ဖြတ်၍
အခြားစီးရီးအေဂန္ထဝင်တစ်ဦးဖြစ်သည့် ဆီဗော်ရီစ်၏ ပြက္ခဒိန်နှစ်(၁)နှစ်အတွင်း စီးရီးအေ သွင်းဂိုးအရေအတွက် (၃၃)ဂိုးအား လိုက်မီခဲ့ကြောင်း သိရသည်။ စတီဖာနိုနော်ယာစ်သည် ၁၉၅၁ ခုနှစ်နှင့် ဆီဗော်ရီစ်သည် ၁၉၆၁ ခုနှစ်တို့တွင် အဆိုပါသွင်းဂိုးမှတ်တမ်းများ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် ပြက္ခဒိန်နှစ်(၁)နှစ်အတွင်း ဂိုးအများဆုံးသွင်းယူထားသည့် ကစားသမားမှာ ၁၉၃၂ ခုနှစ်မှ ၁၉၄၉ ခုနှစ် အတွင်း ဂျူဗင်တပ်စ် ၊ တိုရီနို၊ အလက် ဇန်ဒရီယာနှင့် နာပိုလီ အသင်းများ တွင် ကစားခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဖီလစ်ဘိုရယ်လ်ဖြစ်သည်။ ဖီလစ်ဘိုရယ်လ်သည် ဂျူဗင်တပ်စ်အသင်းတွင် ကစားခဲ့သည့် ၁၉၃၃ ခုနှစ်၌ ပြက္ခဒိန်နှစ် (၁)နှစ်အတွင်း စီးရီးအေသွင်းဂိုး (၄၁)ဂိုးအထိ သွင်းယူခဲ့ပြီး စံချိန်တင်ထားခြင်းဖြစ်သည်။ ဖိလစ်ဘိုရယ်လ်၏နောက်တွင် ဂျူဗင်တပ်စ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူးဖြစ် သည့် ဂန်းနားနော်ဒဲလ်သည် ၁၉၅၀ ခုနှစ်တွင် စီးရီးအေသွင်းဂိုး (၃၆) ဂိုး သွင်းယူနိုင်ခဲ့ပြီး စီးရီးအေသမိုင်းတစ် လျှောက် ပြက္ခဒိန်နှစ် (၁)နှစ်အတွင်း ဂိုးအများဆုံးသွင်းယူသည့်ကစားသမားစာရင်း၏ ဒုတိယနေရာ၌ ရပ်တည်နေသည်။
စီရော်နယ်လ်ဒိုသည် ၂၀၂၀ ခုနှစ်၏ နောက်ဆုံးစီးရီးအေပွဲစဉ်အဖြစ် ဖီအိုရင်တီးနားအသင်းနှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် ဂိုးသွင်းယူရန်အခွင့်အရေးရှိနေကာ ဟက်ထ ရစ်သွင်းယူနိုင်ပါက ဂန်းနားနော်ဒဲလ်၏သွင်းဂိုးမှတ်တမ်းကို လိုက်မီမည် ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ၂၀၂၀ ခုနှစ်၌ စီးရီးအေ (၂၈)ပွဲကစားထားပြီး (၃၃)ဂိုးအထိ သွင်းယူနိုင်ခဲ့ ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်း နည်းပြ ပီယာလိုက ပါးမားအသင်းနှင့်ပွဲမှ သူ့အသင်း၏ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဂိုးများသွင်းယူခဲ့သည့် စီရော်နယ်လ်ဒိုအတွက်လည်း ဂုဏ် ယူကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
