လီဗာပူုးလ်အသင်း၏ အီဂျစ်တိုက်စစ်မှူး ဆာလာက ချန်ပီယံလိဂ်ပွဲစဉ် မစ်ဂျီလန်း(၁-၁)လီဗာပူးလ်ပွဲတွင် အသင်းခေါင်းဆောင်ပြုလုပ်ခွင့်မရခြင်းကို စိတ်ပျက်မိကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ ဆာလာသည် ပြီးခဲ့သည့်ရက်ပိုင်းက စပိန်သတင်းစာ AS နှင့်တွေ့ဆုံခဲ့ရာ၌ ယင်းကဲ့သို့ ဖွင့်ဟဝန်ခံခဲ့ခြင်းဖြစ်ပြီး သူ၏အနာဂတ်နှင့်ပတ်သက်၍လည်း ရင်တွင်းဆန္ဒစကားအချို့ကို ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုဒီဇင်ဘာလ(၉)ရက်နေ့ကကစားခဲ့သော ဒိန်းမတ်ကလပ် မစ်ဂျီလန်းနှင့်ပွဲတွင် လီဗာပူးလ်အသင်း၏ ပွဲထွက်ကစားသမားစာရင်း၌ အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာ ပါဝင် ခဲ့ခြင်းမရှိပေ။ ဟန်ဒါဆန်အပြင် လီဗာပူးလ်အသင်း ဒုတိယအသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာ၊ တတိယအသင်းခေါင်းဆောင် ၀ိုင်နယ်လ်ဒမ်း၊ စတုတ္ထအသင်းခေါင်းဆောင် ဗန်ဒိုက်အစရှိသူတို့မှာလည်း အသင်းပွဲထွက်စာရင်း၌ ပါဝင်ခဲ့ခြင်းမရှိရာ လူငယ်ကစားသမားအများစုပါဝင်သော ယင်းလီဗာပူးလ်အသင်းကို အသင်းခေါင်းဆောင်ပြုလုပ်ခွင့်ရရှိရန် ဆာလာ(၂၈ နှစ်)က မျှော်လင့်ခဲ့ခြင်းဖြစ်သည်။ သို့သော် လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ယင်းပွဲ၌ အသက်(၂၂)နှစ်အရွယ်သာရှိသေးသူ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို အသင်းခေါင်းဆောင်အဖြစ် ကစားစေခဲ့သည်။
AS သတင်းစာက ယင်းပွဲတွင် အသင်းခေါင်းဆောင်ပြုလုပ်ခွင့်မရခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ဆာလာက ''အမှန်အတိုင်းပြောရရင် ကျွန်တော် အလွန်ပဲစိတ်ပျက်မိပါတယ်။ အဲဒီပွဲမှာ အသင်းခေါင်းဆောင်လုပ်ခွင့်ရဖို့ ကျွန်တော် မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ ဒါက နည်းပြရဲ့ဆုံးဖြတ်ချက်ပါပဲ။ ကျွန်တော် လက်ခံရမှာပါ''ဟု ပြောကြားခဲ့သည်။ ထို့နောက် AS သတင်းစာက အနာဂတ်ကာလတွင် လာလီဂါ၌ မကစားဟု ငြင်းဆန်နိုင်မည်လားဟု မေးမြန်းခဲ့ရာတွင် ဆာလာက '' ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတွေက ထိပ်သီးအသင်းကြီးတွေပါ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။ လောလောဆယ်မှာတော့ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေ ထပ်ပြီးရယူနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆာလာက လောလောဆယ်တွင် လီဗာပူးလ်အသင်းအတွက် အတတ်နိုင်ဆုံးကြိုးစားကစားပြီး အသင်း၏ စံချိန်အားလုံးကို ရိုက်ချိုးရန်ဆန္ဒရှိနေကြောင်းလည်း ပြောကြားခဲ့ သည်။ ပြီးခဲ့သည့် စနေနေ့ကကစားခဲ့သော ခရစ္စတယ်ပဲလေ့စ် (၀-၇)လီဗာပူးလ်ပွဲတွင်မူ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ဆာလာအား ပွဲထွက်ကစားသမားစာရင်းမှ အ နားပေးခဲ့ပြီး ပွဲချိန်(၅၇) မိနစ်တွင်မှ လူစားဝင်ကစားစေခဲ့သည်။ ယင်းပွဲ၌ ဆာလာက အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုး(၂)ဂိုးကို သွင်းယူပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
