မန်ချက်စတာယူနိုက်တက် ၆-၂ လိဒ်စ်ယူနိုက်တက်
နှစ်သင်းစလုံး အတူတူပြသခဲ့တာက အ ရမ်းကောင်းတဲ့ တိုက်စစ်နဲ့ ဆိုးရွားလွန်းတဲ့ ခံစစ်ကစားပုံဖြစ်တယ်။ ဒါပေမဲ့ Clinical ဖြစ်တဲ့အသင်းက ဂိုးတွေအများကြီးရခဲ့ပြီး အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ လိဒ်စ်ကတော့ ပထမပိုင်းမှာပဲ (၄) ဂိုးအသွင်းခံခဲ့ရတယ်။ တိုက်စစ်ဇုန်မှာပေးပို့တဲ့ ဘောလုံးတိုင်းလိုလိုက အရည်အသွေးမြင့်ပြီး၊ ထိရောက်မှု ရှိတယ်။ နှစ်သင်းစလုံးရဲ့ခံစစ်ကစားသမားတွေအတွက် ရူးချင်စရာကောင်းအောင်ကို ဆုံးဖြတ်ချက်တွေက မှန်ကန်ပြီး၊ မြန်ဆန်တာလည်း တွေ့ရတယ်။ ဒါကြောင့် ပထမပိုင်းမှာ မန်ယူက အခွင့်အရေး (၁၀)ကြိမ်လောက်ရပြီး လိဒ်စ်ကလည်း (၈)ကြိမ်လောက် ရခဲ့တာကို တွေ့ရတယ်။ အခွင့်အရေးဖန်တီးမှု အပိုင်းမှာလည်း သိပ်မကွာဘူး။
လိဒ်စ်က Open Play တွေမှာ တိုက်စစ်ပုံ ဖော်ကစားပုံတော်တော်လေးကောင်းပြီး၊ မန်ယူရဲ့ Open Play တွေကလည်း ကောင်းတယ်။ ဒါပေမဲ့ Counter Attack ကနေ Transition တွေကို ခပ်မြန်မြန်လုပ်ပြီး ထိုးဖောက်တဲ့ အခြေအနေတွေမှာ ပိုပြီးကြောက်စရာကောင်းတာကိုလည်း တွေ့ရတယ်။ ဒီပွဲမှာ ထူးထူးခြားခြား ပုံစံကောင်းပြခဲ့တာက တွမ်မီနေး ဖြစ်တယ်။ တွမ်မီနေးက ဘယ်တုန်းကမှ ဒီလောက်မကောင်းခဲ့ဘူး။ ဒီပွဲမှာ အကောင်းဆုံးပုံစံပြခဲ့ပြီးမှ ပွဲပြီးခါနီး ဒဏ်ရာရသွားတာက မန်ယူအသင်းထက် သူ့အတွက် စိတ်ပျက်စရာလို့ ပြောရမယ်။
ဘရူနိုဖာနန်ဒက်စ်ကတော့ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေအတွက်တင်မဟုတ်ဘဲ အသင်းကို သူဦးဆောင်နေကျပုံစံအတိုင်းပဲ ဦးဆောင်ကစားသွားနိုင်ခဲ့တယ်။ သူနဲ့ တွမ်မီနေးတို့က ဒီပွဲမှာ (၂)ဂိုးစီသွင်းပြီး၊ (၁)ဂိုးစီ ဖန်တီးခဲ့ကြတာလည်းတွေ့ရတယ်။ မန်ယူအတွက် ဂိုးတွေကို (၂၊ ၃) မိနစ်တွေမှာ တွမ်မီနေး၊ (၂၀၊ ၇၀ Pen) မိနစ်တွေမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ (၃၇) မိ နစ်မှာ လင်ဒီလော့ဖ်၊ (၆၆)မိနစ်မှာ ဂျိမ်းစ်တို့က သွင်းယူခဲ့ကြပြီး လိဒ်စ်အတွက်တော့ ကူးပါး (၄၄ မိနစ်)နဲ့ ဒဲလက်စ်(၇၃ မိနစ်)တို့က သွင်းခဲ့တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
