ဓာတ်ပုံ။ ။ - ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့
မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယနေ့ဇူလိုင် ၂၃ ရက်အတွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်ပိုးတွေ့(COVID -19 positive)သူ ၁၇ ဦးအား မန္တလေးမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်း သုံးသင်းမှ သွားရောက်ခေါ်ယူကာ သတ်မှတ်နေရာများသို့ပို့ဆောင်မှုပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
လေဆိပ်တွင် ကိုဗစ်ရောဂါပိုး စောင့်ကြည့်စစ်ဆေးမှုအရ စစ်ဆေးသည့်အခါ ကိုဗစ်ပိုးကူးစက်ခံရမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ရောဂါပိုးတွေ့ရှိသူများ၏ရွေးချယ်မှုအရ ဆေးရုံအပါအဝင် ကွာရန်တင်းဝင်ရန်ဟိုတယ်အချို့သို့ပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
"ပိုးတွေ့တဲ့သူတွေကဘန်ကောက်ကနေ ပြန်လာတဲ့သူတွေလို့သိရတယ်။ နေမကောင်းတာနဲ့အခြား ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေ မဖြစ်ဘူး သာမာန်လူတွေလိုပဲ ဖျားနာမှုမရှိပါဘူ။ Test kit နဲ့စစ်ဆေးတဲ့အခါ Positive အဖြေထွက်တာကြောင့် ပိုးတွေ့အဖြစ်သတ်မှတ်လို့ တံတားဦးလေဆိပ်ကနေ ခေါ်ယူပို့ဆောင်ပေးခဲ့ရတာပါ။ သူတို့ရဲ့ရွေးချယ်မှုအရ ကွာရန်တင်းဝင်တဲ့သဘောမျိုးနဲ့ ဟိုတယ် တစ်ခုနဲ့ ကုတင် ၅၅၀ ဆေးရုံကိုတစ်ယောက်ပို့ပေးခဲ့ရတယ်"ဟု သွားရောက်ခေါ်ယူပို့ဆောင်ပေးခဲ့ရသည့် ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါစောင့်ကြပ်ကြည့်ရှူမှုနှင့်ပတ်သတ်၍ ဇူလိုင်၂၂ ရက်နေ့ ည၈ နာရီ သတင်းထုတ်ပြန်ချက်အရ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄၉၇၁ ခု စစ်ဆေးခဲ့ရာ ပိုးတွေလူနာသစ် ၁၀ ဦးရှိခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
