တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဌာန လေကြောင်းဦးစီးဌာနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ကြီးမှူး၍ ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ နိုင်ငံပေါင်း ၇၁ နိုင်ငံ ပါဝင်ပြသသော ၂၃ ကြိမ်မြောက် China International Travel Mart (CITM) ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ လက်ဘက်ထုတ်ကုန်များ ၊ကျောက်စိမ်း ၊ဝိုင်နှင့် ယွန်းထည်ပစ္စည်းများ ပါဝင်ပြသနေကြောင်းသိရပြီး လာရောက်သူများ၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပြပွဲ၌ မြန်မာနိုင်ငံ လုပ်ငန်းရှင်အချို့ တက်ရောက်ပြသရာ၌ ကမ္ဘာ့ကျောက်စိမ်း ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းခန့်ရှိ သော မြန်မာနိုင်ငံ၏ကျောက်စိမ်းကို စိတ်ဝင်စားမှု အများဆုံးရရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ လက်ဘက်ထုတ်ကုန်နှင့် အေးသာယာဝိုင်တို့လည်း လာရောက်ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်ပြပွဲ၌ လာရောက်ကြည့်ရှု့သူများ၏ စိတ်ဝင်စားမှုရရှိခဲ့ကြောင်း ၊ ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံကိုယ်စားပြုခရီးသွားမြှင့်တင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဖြန့်ဝေထားသော Myanmar-Be enchanted အင်္ဂလိပ်ဘာသာ တရုတ်ဘာသာတို့ဖြင့် တီဗီဖြင့် စဉ်ဆက်မပြတ်ပြသကြော်ငြာခြင်းအပြင် မြန်မာလက်မှုပညာပစ္စည်းများ ပြသခြင်း မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများ ဖြစ်ကြသော ကျောက်စိမ်း၊ လက်ဝတ်ရတနာများ ၊ ယွန်းထည်ပစ္စည်းများ ကျောက်စီပန်ချီကားချပ်များ အေးသာယာဝိုင် လက်ဘက်ခြောက်နှင့် Royal Tea Myanmar Tea Mix များခင်းကျင်းပြသထားသည်ဟု ကူမင်းမြို့ စီးပွားရေးသံမှူး ဒေါက်တာဝေရီလင်းက Eleven Media သို့ပြောကြားသည်။
အဆိုပါပြဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ ယူနန်ပြည်နယ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး H.E .Mr Wang Ning ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး H.E.Mr Wang Yubo ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုတိယဝန်ကြီး H.E.Mr Zhang Xu နှင့် ဌာနဆိုင်ရာ အကြီးအကဲများ နိုင်ငံခြားသံရုံး သံအမတ်ကြီးများ သံရုံးယာယီတာဝန်ခံများ ၊ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်များ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်းသိရပြီး နိုင်ငံပေါင်း ၇၁ နိုင်ငံမှ ပြသထားသောပြခန်းများလိုက်လံကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါပြပွဲ ပြုလုပ်နေစဉ်အတွင်း တရုတ် နိုင်ငံတကာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လ ၂၃ ရက်နေ့၌ ဖိုရမ်များပူတွဲကျင်းပခဲ့ရာ ကူမင်း စီးပွားရေးသံမှူး ဒေါက်တာ ဝေရီလင်းမှ မြန်မာ့ခရီးသွားမြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှု့များ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
