သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ထူပါရုံမှတ်တိုင်အနီးတွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး လေးဦးဒဏ်ရာရရှိမှု ဇူလိုင် ၂၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၃ ရက် ၊ ည ၉ နာရီခွဲကျော်ခန့်တွင် သာကေတမြို့နယ် ၊ ဧရာဝဏ်လမ်းမကြီး ၊ ထူပါရုံမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတအသင်းများမှ သွားရောက်ခဲ့ကြောင်းသိရသည်။
Alphard ယာဉ်နှင့် Mark II အမျိုးအစားယာဉ်မှာ ဧရာဝဏ်လမ်းမကြီးအတိုင်း ကျောက်တိုင်မှတ်တိုင်ဘက်မှ မောင်းနှင်လာစဉ် ထူပါရုံမှတ်တိုင်အနီးအရောက်တွင် ယာဉ်နှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို ည ဆယ်နာရီထိုးခါနီးလောက်မှာ သတင်းဝင်လာတာပါ။Alphard ယာဉ်နှင့် Mark II ယာဉ်တိုက်တာပါ။ဘေးပတ်ဝန်းကျင်ပြောပုံအရတော့ နှစ်စီးလုံးက လားရာတူမောင်းလာကြတာ။မောင်းလာရင်း တိုက်မိတာလို့ သိရတယ်” ဟု ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုမှာ လေးဦးဒဏ်ရာရပါတယ်။နှစ်ဦးကတော့ အနီရောင်အဆင့်သတ်မှတ်ပါတယ်။လေးဦးလုံးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ သခ်ါရဝိမုတ္တိလူမှုကူညီရေးအသင်း ၊ ပေးဆပ်သူတို့နှလုံးသားပရဟိတအသင်း ၊ မနောဖြူလူမှုကူညီရေးအသင်း ၊ ဇေယျသုခလူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
