၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အား မလျော်ဩဇာလွှမ်းမိုးခြင်းများကြောင့်ဟုဆိုကာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ ကိုယ်တိုင် ထွက်ဆိုချက်ပေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။
ဇူလိုင် ၂၂ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူတို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ် တွဲဖက်မြို့နယ်တရားသူကြီး(၁) ရုံးထိုင်သည့် နေပြည်တော်အချုပ်ထောင် အထူးတရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် စွဲချက်တင်ခံထားရသည့် အမှုနှင့်ပတ်သက်၍ ဦးမင်းသူအား အဓိကစစ်ဆေးခြင်းနှင့် ပြန်လှန်စစ်မေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်ရှင်အပေါ် မလျော်သြဇာသုံး လွှမ်းခဲ့ခြင်းများမရှိဘဲ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ထည့်သွင်းထွက်ဆိုသွားကြောင်း သိရသည်။
ထို့ပြင် ယနေ့(ဇူလိုင် ၂၂ ရက်)ရုံးချိန်းတွင် နေပြည်တော်ကောင်စီဥက္ကဌဟောင်း ဒေါက်တာမျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင်ဟောင်း ဦးသန်းဌေး၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်မင်းလှိုင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်ဆွေတို့ကို ခံပြသက်သေများအဖြစ် ရုံးတော်သို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူက တင်ပြခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အဖွဲ့ဝင်ဟောင်း ဦးသန်းဌေးသည် ပုဒ်မ ၁၃၀-က ဖြင့် ရမည်းသင်းအကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသလို ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်မင်းလှိုင်သည်လည်း ရမည်းသင်းအကျဥ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရသည့်အတွက် ၎င်းတို့နှစ်ဦးကို နေပြည်တော်အချုပ်ထောင်သို့ ခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဌဟောင်း ဒေါက်တာမျိုးအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်ဆွေတို့သည် နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းခံရကြောင်းနှင့် လာမည့်ရုံးချိန်းတွင် ခံပြသက်သေများအား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား မလျော်ဩဇာသုံး၍ လွှမ်းမိုးခြင်းကြောင့်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀-က ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အမှုဖြင့် စွဲချက်တင်ပြီးနောက်ပိုင်းတွင် ပြန်ခေါ်သက်သေများအား စစ်ဆေးပြီးစီးသွားပြီ ဖြစ်သည့်အတွက် စွပ်စွဲခံရသူများကို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၁၃၀-က ဖြင့် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့ကို စွဲချက်တင်ထားသည့် အမှုနှင့်ပတ်သက်၍ ဇူလိုင် ၂၉ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်းနှင့် စွပ်စွဲခံသူများ၏ ကျန်းမာရေး ကောင်းမွန်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
