နောင်တွင် အရပ်သားခေါင်းဆောင်ဟောင်းဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရလာမည့် ခိုင်မာသောဖြစ်နိုင်ခြေရှိနေသည်ဟု မိမိကို နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် အာဆီယံအထူးသံတမန်လည်းဖြစ်သော ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။
ပရက်ဆော့ခွန်းသည် ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးအပါဆုံး နိုင်ငံသမားတစ်ဦးအဖြစ် ရှုမြင်ထားသော ပရက်ဆော့ခွန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မေတ္တာရပ်ခံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှုက အားလုံးပါဝင်သော စေ့စပ်ဆွေးနွေးရေးကို ရှေ့တိုးဆောင်ရွက်နိုင်မည်ဟု ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အဆက်မပြတ်တောင်းဆိုခဲ့သော်လည်း ပရက်ဆော့ခွန်းသည် မြန်မာအရပ်သားခေါင်းဆောင်ဟောင်းနှင့် တွေ့ခွင့်မရခဲ့ပေ။
“ကျွန်တော်တို့ လေးစားရမယ့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း တချို့ရှိနေပါတယ်။ ဒါပေမဲ့နောင်မှာ ကျွန်တော်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရဖွယ်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကတိစကားကို ရရှိခဲ့ပါတယ်”ဟု ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။
အာဆီယံအထူးသံတမန်သည် ဇူလိုင် ၂၁ ရက်တွင် video conference ဖြင့်ပြုလုပ်သော အထူးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအကြောင်း အထက်ပါတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အထူးဆွေးနွေးပွဲကို စင်ကာပူနိုင်ငံရှိ အာဆီယံလေ့လာရေးအင်စတီကျု့ဖြစ်သော Yusof Ishak Institute က လက်ခံပြုလုပ်ပေးခြင်းဖြစ်သည်။
မိမိ၏ လုပ်ပိုင်ခွင့်တစ်ခုမှာ မိမိအနေဖြင့် နိုင်ငံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုစတင်ရေးအတွက် သက်ဆိုင်သောအဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရေးဖြစ်သည်ဟု ပရက်ဆော့ခွန်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကို ပထမအကြိမ်သွားရောက်ပြီးကတည်းက ပရက်ဆော့ခွန်းသည် အဆိုပါ ရည်မှန်းချက် ပြည့်မီရေးအတွက် နည်းလမ်းများကို ရှာဖွေခဲ့သည်။
မတ်လက မြန်မာနိုင်ငံသို့သွားခဲ့သည့် မိမိ၏ ပထမဆုံး ခရီးစဉ်က မိမိအား မြေပြင်အခြေအနေကို ပိုမိုကောင်းမွန်စွာ နားလည်စေခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးအပ်ရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်ဆိုင်ရာ စိန်ခေါ်မှုအများအပြားကို ကိုင်တွယ်ဖြေရှင်းခွင့် ရစေခဲ့သည်ဟု ဆိုသည်။
မိမိ၏ ဒုတိယခရီးစဉ်သည် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ထဲက ဦးစားပေး နယ်ပယ်သုံးရပ်၌ တိုးတက်မှုရရှိရေးအတွက် သင့်လျော်ရာ အဆင့်များကို လုပ်ဆောင်စေနိုင်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဦးစားပေး လုပ်ငန်းစဉ် သုံးရပ်မှာ လိုအပ်နေသူများအတွက် လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး၊ အကြမ်းဖက်မှုရပ်တန့်ရေးနှင့် သက်ဆိုင်သူအာလုံးအကြားတွင် နိုင်ငံရေးဆိုင်ရာ ယုံကြည်ချက်နှင့်အတူ အားလုံးပါဝင်သော စေ့စပ်ဆွေးနွေးမှုအတွက် အထောက်အကူပြုပတ်ဝန်းကျင်ဖန်တီးရေးတို့ ဖြစ်သည်ဟု ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
